အခွေသစ်မထွက်သေးခင် မိုးတွင်းကာလမှာ Ticket Show မဆိုဘူးလို့ ပြောတဲ့ Idiots

 Idiots အဖွဲ့အနေနဲ့ အခွေသစ်ကို မထွက်နိုင်သေးတဲ့အတွက် မိုးတွင်း ကာလတစ်လျှောက်လုံး အခကြေးငွေယူတဲ့ Ticket Show ဆိုဖို့ အစီအစဉ် မရှိကြောင်းပြောပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး Idiots အဖွဲ့ရဲ့ ပင်တိုင်အဆိုတော်ရေမွန်က " ကျွန်တော်တို့အနေနဲ့ သီးသန့်ကြီးလုပ်ဖြစ်တာ ထူးထူးခြားခြားမရှိပါဘူး။ S.I. R အနေနဲ့ပဲသွားဖြစ်နေတယ်။ Idiots က အခွေမထွက်တာလည်း ကြာနေပြီလေ။ အခွေထွက်ရှိလာဖို့အတွက်ကိုပရိသတ်တွေက စောင့်နေကြတာ။ တကယ်နားထောင်ချင်တဲ့သူတွေကိုတောင် အားနာနေရတယ်။ မထွက်ပေးနိုင်တဲ့အတွက်လေ။ ဒီတော့ မိုးတွင်းမရောက်ခင် Single Track တစ်ပုဒ်၊ နှစ်ပုဒ်လောက်ကို မရောင်းဘဲအလကားပေးမယ်။

အွန်လိုင်းမှာ ဖရီးဖြန့်ပေးလိုက်မယ်။ ဘာပဲပြောပြောမခွေမထွက်ခင်စပ်ကြား ကျွန်တော့်ပရိသတ်တွေ နားထောင်လို့ရအောင်လို့ပါ။ ပေးတယ်ဆိုပေမယ့် တကယ့်ကွာလတီအပြည့်ကို ဖေ့စ်ဘုတ်ပေါ်မှာလင့်ခ်ပေးပြီးတင်ပေးလိုက်မယ်။ အဲဒီကနေဒေါင်း လော့ခ်ဆွဲလို့ ရတာပေါ့။ ဒါ့အပြင် စီဒီကိုလည်း အပြင်နေရာတွေမှာ အလကားအခမဲ့ဝေ ငှပေးသွားမှာပါ။

မိုးတွင်းလည်းရောက်လာတော့မယ်။ အခွေလည်း အသစ်မထွက်နိုင်သေးဘူး။ ဒီတော့ Ticket Show ပေါ့နော်။ အခကြေးငွေယူတဲ့ပွဲကို မဆိုဘူးလို့ စဉ်းစားထားတယ်။ အခွေသစ်ထွက်တော့မှ ပရိသတ်နားထောင်စရာရှိ
လာတော့ မှ ပြန်လုပ် ဖြစ်ဖို့ဆိုဖြစ်ဖို့များပါတယ်" လို့ သီချင်းအခမဲ့ပေးမယ့် အကြောင်းနဲ့မိုးတွင်းကာလ အခကြေးငွေယူတဲ့ပွဲဆိုဖြစ်မှာ မဟုတ်ကြောင်းရေမွန်ကပြောပါတယ်။

နောက် ထွက်လာမယ့်အခွေမှာ Comicကာတွန်းပုံစံမျိုးသွားမှာဖြစ်တဲ့ အကြောင်းကိုလည်း " ကျွန်တော်တို့က Comic ကာတွန်းတွေကို ကြိုက်တော့ Comic ကာတွန်းပုံစံမျိုးသွားဖို့ရှိပါတယ်။ အခွေကာဗာကအစ ကျွန်တော်တို့ရဲ့ကာရိုက်တာပုံစံနဲ့သွားဖြစ်ထင်ပါတယ်" လို့ ရေမွန်က ပြောပါတယ်။ မြူးဇစ်ပုံစံကတော့ ရော့ခ်နဲ့ ဒီဘက်မက်တယ်ဆန်တဲ့ ပုံစံတွေပါမယ်လို့ ပြောပါတယ်။ နောက်ပိုင်းအွန်လိုင်းကနေ သီချင်းရောင်းဖို့ရှိကြောင်း၊ တကယ်လို့ ရောင်းဖြစ်ခဲ့ရင် ဦးကိုကိုလွင်ရဲ့ Myanmar Music Store နဲ့ လုပ်မှာဖြစ်ကြောင်းကိုလည်း ပြောပါတယ်။

ဖေ့စ်ဘုတ်နဲ့ အပြင်ဘဝက တအားကွာခြားနေကြောင်း လည်း ရေမွန်ကပြောပါတယ်။ " ပြောရရင် ဖေ့စ်ဘုတ်မှာက တကယ့်အစစ်မဟုတ်ဘူးဗျ။ ဒီတော့ ကျွန်တော့်အနေနဲ့ ပြောရရင် အဲဒီဖေ့စ်ဘုတ်ပေါ်က အရာတွေကိုသိပ်မယူစေချင်ဘူး။ Positive ဆိုက်နဲ့ရေးတာမျိုးရှိသလို Negative သဘောမျိုးရေးတာလည်း
အများကြီးပါပဲ။

ဖေ့စ်ဘုတ်ပေါ်မှာက ကြော်ငြာရယ်၊ တစ်ခုခုအသိပေးတာလောက် ပဲ ကောင်းတယ်။ Personal အနေနဲ့ နေရာတကာဝင်ပြီးမသုံးသင့် ဘူးလို့ထင်တယ်။ ပြဿနာတအားများတော့လေ" လို့ ဖေ့စ်ဘုတ် ရဲ့သက်ရောက်မှုအနေအထားနဲ့ ပတ်သက်ပြီးတော့ လည်း ရေမွန် ကပြောပါတယ်။

M ဘွယ်

Popular Journal


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ