မေလ ၁ဝ ရက်မှာ ပေါ့ပ် ၊ရော့ခ်ပရိသတ် တွေ ရင်ခုန်ရမယ့် စည်သူလွင်ရဲ့ တစ်ကိုယ်တော် Show

၁၉၉၅ ခုနှစ် ကတည်းက “ချစ်သူ များရဲ့နေ့” ဆိုတဲ့ စီးရီးနဲ့ မြန်မာပြည် ဂီတလောကမှာ အောင်မြင်ပြီးနေရာ ရယူခဲ့တဲ့ စည်သူလွင်က ၂ဝဝ၅ ခုနှစ် ဂီတသက်တမ်း ၁၀ နှစ်ပြည့် မှာလည်း တစ်ကိုယ်တော်ရှိုး ကို ပြုလုပ်ခဲ့ပြီး အခု ဂီတသက်တမ်း ၁၉ နှစ်ပြည့် ကာလမှာတော့ တစ်ကိုယ် တော် ဂီတဖျော်ဖြေပွဲ ကို အမျိုးသား ကဇာတ်ရုံမှာ ထပ်မံ ကျင်းပမှာဖြစ် တယ်လို့ သိရပါတယ်။

မေလ ၁ဝ ရက်နေ့မှာ ပြုလုပ်မယ့် စည်သူလွင် ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေ ပွဲမှာ တော့ အဲလက်စ်၊ နီနီခင်ဇော်၊ နေနေ၊ အိမ့်ချစ်၊ အိုင်ရင်းဇင်မာမြင့် စတဲ့ တေးသံရှင်တွေက ပါဝင် ကူညီဖျော် ဖြေကြ မှာလည်း ဖြစ်ပါတယ်။

“ကျွန်တော်ပြီးခဲ့တဲ့ နှစ်နှစ် လောက် ကတည်းက လုပ်ဖို့စဉ်းစား နေတာ။ အဓိက ကတော့ အမျိုးသား ကဇာတ်ရုံကို နေရာ စောင့်နေတာ။ အဲဒီ လို ရွှေ့ရင်း ရွှေ့ရင်း နဲ့ အခုမှ လုပ်ဖြစ် တာ။ ကျွန်တော်က တစ်ခုခု လုပ်ဖို့ဆို ကြိုတင် စီစဉ်စဉ်းစားတာက ကြာတတ်တယ်။ ဒီပွဲ လုပ်ဖြစ်တာက ကျွန် တော့် အမျိုးသမီး ကလည်း နောက် က နေတွန်း အားပေးတယ်။ ကျန်တဲ့ သူငယ်ချင်းတွေ ကလည်း ဝိုင်းတိုက် တွန်း ကြလို့ အခုလို လုပ်ဖြစ် သွားတာပါ” လို့ စည်သူလွင်က ပွဲပြုလုပ်ဖြစ် ပုံနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

19:18 သီချင်းတွေလည်း ဖျော်ဖြေမယ့် စည်သူလွင် ရဲ့ပွဲမှာ အဲလက်စ် ပါဝင်ပြီး ဆောင်းဦးလှိုင် မပါဝင်ဖြစ်ခြင်း အပေါ် မှာလည်း “ကိုဆောင်းဦးက ခရီး တွေ တောက်လျှောက် နဲ့ အဲ့ဒီနေ့ မှာလည်း ခရီးတွေ သွားဖို့ ရှိနေလို့ မပါဝင်ဖြစ်ပါဘူး။ အဲ့ဒီ အတွက် 19:18 သီချင်းတွေကို ကျွန်တော်ရယ် အဲလက်စ် ရယ်နှစ်ယောက် ပဲ သီဆိုဖို့လည်း ကိုဆောင်းဦးက ခွင့်ပြု ထားပါတယ်။ သူ မပါဝင်ဖြစ်တဲ့ အပေါ်မှာလည်း ပရိသတ် ကိုမေတ္တာရပ်ခံပေးဖို့ ကျွန်တော်က တစ် ဆင့် ပြော ခိုင်းပါတယ်” လို့ စည်သူလွင်က ပြောပြပါတယ် ။

စည်သူလွင်က သူ့ရဲ့ဖျော်ဖြေပွဲ ကိုမေလ ၁ဝရက်နေ့ ည၆နာရီ ခွဲအချိန် အမျိုးသား က ဇာတ်ရုံမှာ ကျင်းပပြုလုပ်သွား မှာဖြစ်ပြီး ပွဲချိန် တစ်လျှောက်လုံးမှာ စင် ပေါ်က မဆင်း ဘဲ ဆက်တိုက် ဖျော်ဖြေမယ် လို့လည်း သိရပါတယ်။ စည်သူလွင်ရဲ့တစ်ကိုယ်တော် ဖျော်ဖြေပွဲ ဝင်ကြေး လက်မှတ်တွေ ကိုတော့ VIP လက်မှတ်ကျပ်၂ဝဝဝဝ၊ ၁ဝဝဝဝ၊ ၇ဝဝဝ စသဖြင့် သတ်မှတ်ထားပြီး မန်းသီရိ တေးသံသွင်း၊ Ko Ko Beauty Salon ( Dagon Center) ၊ 376 နဲ့ Y talk ဆိုင်ခွဲအားလုံး မှာဝယ်ယူ ရရှိနိုင်ကြောင်း သိရပါတယ်။

ရဲရဲ

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ