ချစ်သူ Calroline နှင့် ဆက်ဆံရေးသည် အရင်အတိုင်း အေးအေး ဆေးဆေးပါပဲလို့ ထူးအယ်လင်းဆို

ကျွန်မ မော်ဒယ် Calroline သည်ယခုအချိန်မှ စတင်ပြီး ချစ်သူရည်းစား မရှိကြောင်း ကြေညာအပ်ပါသည်။ ဆရာတပည့် သံယောဇဉ်ဖြင့် အဆိုတော် ထူးအယ်လင်းနှင့် သတင်းမှာလည်း မဟုတ်ကြောင်း ရှင်းလင်း သွားပါမည်ဖြစ်ပြီး ဖေ့ဘွတ်မှ သူငယ်ချင်းများကိုလည်း အသိပေးရင်း ဂျာနယ်များတွင်လည်း ထပ်မံ ဖြေကြားသွားမည်ဖြစ်ကာ အနုပညာအလုပ်ကိုသာ ကြိုးစားလုပ်ဆောင်သွားမည်ဟု မော်ဒယ် Calrolineက ၎င်း၏ကိုယ်ပိုင် စာမျက်နှာပေါ် တွင် ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်ပြီး ထူးအယ်လင်းကို မဇ္ဈိမက ဆက်သွယ် မေးမြန်းဖြစ်ခဲ့သည်။

Calroline ကသူ့ရဲ့ဖေ့ဘွတ်မှာ ရေးထားတာနဲ့ပက်သက်ပြီး အစ်ကို့ဘက်က ပြောချင်တာက။

အဲဒါက ပြောရမယ်ဆိုရင်တော့ ကောလဟလပါ။ အဲဒီလိုပဲလျှောက်ရေး လျှောက်ပြောနေကြတာပဲ။ အစ်ကိုတို့ နှစ်ယောက်ကြားက ဆက်ဆံရေးကတော့
အရင်အတိုင်းပါပဲ။ ဘာမှ မပြောင်းလဲပါဘူး။

Calroline ရဲ့ဖေ့ဘွတ်မှာ ရေးထားတာက Calroline ရေးထားတာ မဟုတ်ဘူးပေါ့။

အဲဒါက Calroline ကိုမေးတာ ပိုသေချာပါတယ်။ နှစ်ယောက်ကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ ဆက်ဆံရေးက အရင်အတိုင်း ပုံမှန်အတိုင်းပါပဲ။

အဲဒါဆို နှစ်ယောက်ကြားမှာ ဘာပြဿနာမှ မရှိဘူးပေါ့။

ဘာပြဿနာမှ မရှိပါဘူး ။ အစ်ကိုတို့ နှစ်ယောက်ရဲ့ ကြားထဲက ဆက်ဆံရေးက အရင်အတိုင်း အေးအေးဆေးဆေးပါပဲ။

ဘာမှ မပြောင်းလဲပါဘူးလို့ ရေးရင်ရမလား။

အဲဒါတွေကို အသေးစိတ်သိချင်ရင်တော့ Calroline ကိုမေးမှပဲ အသေးစိတ်သိနိုင်မယ်။ အစ်ကို ကတော့ အစ်ကိုတို့ ကြားက ဆက်ဆံရေးဘာမှ အပြောင်းလဲပါဘူးလို့ပဲ ပြောချင်ပါတယ်။ ကျန်တာတွေကတော့ သူ့ကိုပဲ မေးလိုက်ပါ။

Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ