သီချင်းရေးရတဲ့ ဘဝကို ပိုပြီး ဂုဏ်ယူမိတဲ့ ပိုပို

“ချစ်ဖူးခဲ့သမျှ” တစ်ကိုယ်တော် အခွေနဲ့အတူ ပရိသတ် အားပေးမှု အထူး ရရှိ ထားတဲ့ အဆိုတော် ပိုပိုက လတ်တလောမှာ အတွဲခွေတွေ မှာ သီဆို ထားပြီး ဒုတိယ တစ်ကိုယ်တော် အခွေအတွက် သီချင်းရေး၊ သီချင်းသွင်း ဖြစ်နေ ပါတယ်။

ဒုတိယ တစ်ကိုယ်တော် အခွေကို အောက်တိုဘာလလောက် မှာ ထွက်ဖြစ်မယ့် ပိုပိုက “ဒုတိယ အခွေ စီဒီကို အခုထက်ထိ မတီးရသေးဘူး။ PTL မှာ တီးမယ်။ ဆရာ ချစ်စမ်းမောင်က Mixing ဆွဲပေးမယ်ပေါ့။ ဒီ့ထက် ကွာလတီကောင်းအောင် လုပ်မယ်။ သီချင်းတွေ ကိုလည်း ပိုပို ရွေးတဲ့ အပိုင်း မှာတော်တော် စဉ်းစဉ်းစားစားလေး ရွေးရတယ်။ ပထမအခွေနဲ့ တအားကြီး ကွာသွားတာလည်း မလိုချင်ဘူး။ ဒါပေမဲ့ အသစ် စတိုင်လေးတွေ လည်း နား ထောင်စေချင် တယ်။ ပရိသတ် တွေလက်ထဲကို ၉ လပိုင်း၊ ၁ဝ လပိုင်းလောက်ရောက် အောင်ပို့ ပေးမှာပါ” လို့ ပြောပါ တယ်။

ပရိသတ်တွေ ကြိုက်နှစ်သက် ခဲ့တဲ့ “ချစ်ဖူးခဲ့သမျှ” သီချင်း နဲ့ ပတ်သက် ပြီးတော့ လည်း ပိုပိုက “ဒီသီချင်း က ကိုယ့် အခွေ ထဲ မှာထည့်မယ့် သီချင်း မဟုတ်ဘူး။ Underground မှာ လုပ်ခဲ့တဲ့ သီချင်းပါ။ အဲဒီ သီချင်းထဲမှာ ပို ပိုရဲ့ ခံစား ချက်တွေ အကုန်လုံး ပါတယ်။ ကောင်လေးက ပိုပို့ကို ထား သွား ပြီးတော့ ပြန်ရောက် လာတယ်။ သူ့ကြောင့် ပိုပို တော်တော် ခံစားလိုက် ရတယ်။ အဲဒီအတွက် အချိန်တော် တော် ယူလိုက်ရ တယ်။ သူ့မိဘက ကိုယ့်ကို သဘောမတူဘူး။ စိတ် မကောင်း ဖြစ် မိတယ်။ အဲဒီ ခံစားချက်လေး ကို ကိုယ်က ယူပြီးရေးလိုက်တာ။ ဒါလေးက မှတ်မှတ်ရရလေးနဲ့ အမှတ် တရ လေးဖြစ်သွား တာပါ” လို့ ပြောပါတယ်။

သီချင်း တစ်ပုဒ် ကို ကိုယ်တိုင် ရေး၊ ကိုယ်တိုင် ဆိုဖြစ်တဲ့ မိန်းကလေး အဆိုတော် တစ်ယောက် အ နေနဲ့ သီချင်းရေးရ တဲ့ ဘဝကို ပိုပြီး ဂုဏ်ယူမိတယ် ဆိုတဲ့ ပိုပိုက “အတိုင်း မသိ ဝမ်းသာတယ်။ ရှေးဘဝက ကိုယ်လုပ်ခဲ့ တဲ့ကောင်းမှုပေါ့။ မြတ်မြတ်နိုးနိုး နဲ့ကျေနပ်တယ်။ ပိုပိုက အဆို ထက်ကို သီချင်း ရေးရတာကို ပိုပြီးတော့ အား ရတယ်။ ပိုပို့ထက် ဆိုနိုင်တဲ့ အဆို တော်တွေ မြန်မာနိုင်ငံမှာ အများကြီး ရှိပါတယ်။ အဲဒီအတွက် ပိုပို က တေးရေး နဲ့ ပတ်သက်လို့ ပိုပြီး ဂုဏ်ယူချင်တယ်။ တစ်ခါတလေ ကျရင် ကိုယ့်ကိုယ်ကိုယ် မဖြစ်နိုင်ဘူးလို့ ထင်လိုက် ပေမယ့် ရေးလိုက်တဲ့ အချိန်မှာ အဆင်ပြေသွားတာမျိုး ရှိတယ်”လို့ ပြောပါတယ်။

ပရိသတ်တွေ စိတ်ဝင်စားနေ ကြတဲ့ ပိုပို့ရဲ့ အချစ်ရေး နဲ့ ပတ် သက်ပြီး လည်း အေးအေးဆေးဆေး ပါပဲလို့ ပိုပိုက ပြောပါတယ်။

မျိုးမောင်

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ