ခွေးတစ်ကောင်အား တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်

အရီဇိုးနားပြည်နယ် Phoenix မြို့မှာ ကလေး တစ်ယောက်ကို ကိုက်ဆွဲခဲ့တဲ့ ခွေးတစ်ကောင်အား
 တရားသူကြီးက တစ်သက်တစ်ကျွန်း အမိန့်ချ မှတ်ခဲ့တယ်လို့ ဆိုပါတယ်။

AZ Central ရဲ့ဖော်ပြချက်အရ Milky လို့ခေါ်တဲ့ ဒီခွေးကို သူ့ရဲ့ကျန်တဲ့ ဘဝတစ်လျှောက်လုံး ထောင်ထဲမှာနေသွားဖို့ တရားသူကြီး Deborah Griffith ဟာ အင်္ဂါနေ့က အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၀ရက်နေ့က ၄ နှစ်အရွယ် Kevin Vicente ဆိုတဲ့ကလေးကို Milky က ကိုက်ဖြတ်ခဲ့တာဖြစ်ပြီး မျက်လုံးတစ်ဝိုက်အရိုးများနဲ့ မေးရိုးများပါ ကျိုးသွားခဲ့တယ် လို့ဆိုပါတယ်။သူကျရမယ့်ထောင်ကိုတော့ ခရိုင်အုပ်ချုပ်ရေးမှုး Joe Arpaio ကိုင်တွယ်နေတဲ့ ထောင်တစ်ခုကနေ တာဝန်ယူကြီးကြပ် သွားမှာဖြစ်ပါတယ်။

သူ့ဘဝတစ်လျှောက်လုံး ထောင်ထဲမှာ ကုန်ဆုံးရမယ့်အပြင် သူ့ရဲ့အစွယ်များကို ဖယ်ရှားပြီး သင်းကွပ်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

တိရိစ္ဆာန်အခွင့်အရေးအဖွဲ့တွေဟာ Milkyအတွက် လှုံဆော်မှုတွေ ပြုလုပ်နေကြပြီး AZ Centralရဲ့ဖော်ပြချက်အရ အခြားခွေး ၄၅၀နီးပါးကိုလည်း ရက်စက်တဲ့အပြုအမူများအတွက် သင်းကွပ်ပြစ်ဒဏ် ချမှတ်ခဲ့ပြီးပြီလို့ဆိုပါတယ်။


The Mirror Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ