မိုးရာသီနှင့် ရင်သွေးငယ်များကျန်းမာရေး

ပူနွေးစိုစွတ်တဲ့ မိုးရာသီက ကလေးငယ်များကို အသားဝါ၊ တိုက်ဖိုက်၊ ကာလဝမ်းရောဂါ စသည့်ကြီးကြီးမားမားရောဂါတွေ အပြင် နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေး၊ ဝမ်းလျှော၊ ဝမ်းပျက်၊ ဝဲယားနာတို့လို ရာသီဖျားကူးစက်ရောဂါတွေဖြစ်တတ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အစာမကြေ၊ ရင်ပြည့်ရင်ကယ်တွေပါ ဖြစ်စေတတ်တာကြောင့် မိဘတွေ အနေနဲ့ ကျန်းမာရေးအသိဖြင့်ကြိုတင်ကာကွယ်ထားဖို့ အထူးအရေးကြီး ပါတယ်။

(၁) အကယ်၍ သင့်ကလေးဟာ အရေပြားပါးလွှာပြီး ယားနာ ဖုတွေ မကြာခဏထွက်လေ့ရှိတယ်ဆိုရင် ယခုလို မိုးရာသီမှာ ပိုသတိထားရပါမယ်။ ကူးစက်ပိုးတွေကိုနိုင်တဲ့ ကာဘော်လစ်၊ ဒတ်တောလ်စတဲ့ ကိုယ်တိုက် ဆပ်ပြာသုံး၍ ရေချိုးသန့်စင်ပေးပါ။ လည်ပင်း၊ ဂုတ်၊ ချိုင်းကြား၊ ပေါင်ခြံ၊ လိင်အင်္ဂါ စတဲ့အရေပြား အတွန့်အခေါက်များတဲ့နေရာတွေကို အထူးဂရုစိုက်၍ သန့်ရှင်းမှု ပြုပေးပါ။ ရေချိုးပြီးတဲ့အခါမှာလဲ သနပ်ခါး(သို့မဟုတ်)လိမ်းနေ ကျ ကိုယ်လိမ်းပေါင်ဒါလိမ်းပေးပါ။

(၂) သွေးလွန်တုပ်ကွေးအစ ခြင်ကျားသတ္တဝါက ဖြစ်ပါတယ်။ ဒါကြောင့်
ခြင်တွေခိုအောင်း၍ မပေါက်ပွားနိုင်အောင် ဖုံး၊ သွန်၊ စစ်၊ လဲ စတဲ့ကျန်းမာရေး အသိဖြင့် သောက်ရေချိုးရေ တိုင်ကီဇလား တွေကို စနစ်တကျဖုံးအုပ်ပါ။ အနည်းဆုံး တစ်ပတ်တစ်ကြိမ်ခန့် သန့်ရှင်းရေးလုပ်၍ ရေအသစ် လဲလှယ်ပါ။ ရေဆိုးမြောင်းများ ရှင်း လင်းပါ။ ခြံတွင်းခြံပြင် အမှိုက်သရိုက်များ မီးရှို့ပါ။ ခြင်တွေ မခိုအောင်းနိုင်အောင် အိမ်တွင်းအိမ်ပြင်သန့်ရှင်းရေးကို ယခင်ထက် နှစ်ဆတိုးလုပ်ပါ။

(၃) စွတ်စိုထိုင်းမှိုင်းတဲ့ မုတ်သုံရာသီကခန္ဓာကိုယ်တွင်း ချွေးငုပ်စေကာ
ချွေးပုပ်တွေထွက်လေ့မရှိတာကြောင့် ကိုယ်တွင်း အပူတွေအောင်းလာ တတ်ပါတယ်။ ဒါကြောင့်မိုးအေးအေးမှာ ခြေဖျားလက်ဖျားတွေ
နွေးထွေးအောင်ထားပေးပြီး လိုအပ်ရင်ရေနွေး ပုလင်း(အပူဒဏ်ခံနိုင်ရုံ
လောက်သာ) ကပ်ပေးပါ။

(၄) မိခင်ရော ကလေးပါ လက်ကိုစင်ကြယ်စွာ ဆေးကြောတဲ့ အလေ့အထက ခံတွင်းမှတစ်ဆင့် အစာလမ်းကြောင်းကို ကူးစက် ရောဂါ မဖြစ်စေတော့ပါဘူး။ အစာမစားခင်အချိန်၊ အစာစားပြီး အချိန်၊ ကျင်ကြီးကျင်ငယ်စွန့်ပြီးတိုင်း လက်ဆေးပါ။ သင့်ရင်သွေး ကို လက်သည်းမှန်မှန်ညှပ်ပေးပါ။

(၅) ယင်နားနေသော လမ်းဘေးအစားအစာများ၊ လက်လုပ်ချဉ် များ၊ အသုပ်စုံများ စသည်တို့က ကျန်းမာရေးနှင့် လုံးဝမညီညွတ် ပါဘူး။

(၆) ဝဲယားနာဗိုင်းရပ်စ်ပိုးတွေ အန္တရာယ်မှကင်းဝေးစေဖို့ အတွက် သင့်ကလေးကို ရွှံ့ရေ၊ မြောင်းရေနှင့် မိုးရွာပြီးနောက် တင်ကျန်ရစ်ခဲ့သော ရေအိုင်တွေမှာ ကစားခွင့်မပေးသင့်ပါဘူး။

(၇) သင့်ကလေး၏ ခြေထောက်တစ်စုံကို ခြောက်သွေ့အောင် ထားခြင်းက အအေးမိ၊ အစာမကြေ၊ ပျို့အန်ဝေဒနာတွေကနေကာကွယ်ရာရောက်ပါတယ်။ ဒါ့အပြင် ကလေးရဲ့နေ့စဉ်စီးနေကျ ဖိနပ်ကိုလဲသန့်ရှင်းစင်ကြယ်ခြောက်သွေ့ စေခြင်းဖြင့် ခြေထောက် မှာ သဲဝဲ၊ ရေဝဲစားခြင်းတွေ မဖြစ်စေတော့ပါဘူး။

(၈) နုနယ်တဲ့ကလေးတွေအတွက် မိုးရာသီကအစာမကြေ
ဖြစ်တတ်တာကြောင့်အနီရောင် အသားများကျွေးခြင်းထက် ချေဖျက် လွယ်သော ကြက်နှင့် ငါးအမျိုးမျိုးတို့ကျွေးပါ။ ချင်း၊ ကြက်သွန် ဖြူတွေပါတဲ့ ကြက်စွပ်ပြုတ်ပူပူနွေးနွေးလေးက အာဟာရဖြစ်စေ သလို မုတ်သုံရာသီ အအေးမိဖျားနာခြင်းဘေးကလဲ ကာကွယ်ပေး ပါတယ်။ ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံ တို့ကျွေးပါ။ လိုအပ်ရင် ဗီတာမင်စီဆေးပြားလေးကို ဖြည့်စွက်စာ အဖြစ် တိုက်ကျွေးပေးပါ။

ပေါက်ပေါက်
The Union Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ