ကမ္ဘေားဒီးယားနိုင်ငံတွင် ဆန်ရေစပါးပေါကြွယ်ဝမည်ဟု ရိုးရာဓလေ့ နွားကျွေးပွဲ၌ ပညာရှင်တို့ ဟောကိန်းထုတ်

ဖနောင်ပင် မေ ၁၈

ကမ္ဘောဒီးယားနိုင်ငံ၌ မေ ၁၇ရက်က ရိုးရာဓလေ့တစ်ခု အဖြစ်တော်ဝင်နွားသိုးကျွေးပွဲ အခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့ရာ ယခုနှစ်ရာသီတွင် မိုးလေ၀သကောင်းမွန်ပြီး ဆန်ရေစပါး ပေါကြွယ်ဝ လိမ့်မည်ဖြစ်ကြောင်း နက္ခတ္တဗေဒပညာ ရှင်များက ဟောကိန်း ထုတ်ပြောကြားလိုက်သည်။

နွားသိုးများကို ပဲ၊ နှမ်းနှင့်ဆန်တို့ကို ကျွေးခဲ့ရာ ရာပေါင်းများစွာသော ပြည်သူများက ဖနောင်ပင်မြို့အပြင် ဘက် ဘောလုံးကွင်း၌ ကျင်းပသော ဘုရင်နိုရိုဒွန် စီဟာမိုနီ သဘာပတိအဖြစ် တက်ရောက်သည့် တော်ဝင်လယ်ထွန်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ လယ်ထွန်မင်္ဂလာအခမ်းအနား ကျင်းပပြီးနောက်တော်ဝင်နွား မနှစ်ကောင်က ဆန်၊ပြောင်း၊ ပဲ၊ နှမ်း၊ မြက်၊ ရေနှင့် အရက်တို့သီးခြားစီ ထည့်ထားသော အစာခွက်များဆီသို့ ဝင်ရောက်စားစေရန်စီစဉ်ထားသည်။ ယခုနှစ် သည် ဆန်၊ပြောင်း၊ ပဲနှင့်နှမ်းတို့ကို ကိုယ်စားပြုသည်။ နွားသိုးများက ယင်းတို့ကိုကောင်းစွာစားသည်။

နွားများက မြက်ကိုစားလျှင်နာမကျန်းဖြစ်မည်၊ ရေသောက်လျှင်ရေကြီးတတ်သည်။ အရက်သောက်မိလျှင် စစ်မက်ဖြစ်ပွားတတ်သည်ဟုဆိုသည်။
တော်ဝင်နွားမများက ပဲ၊ နှမ်း၊ပြောင်းနှင့် ဆန်တို့ကိုစားခဲ့၍ ယခုနှစ်ရာသီသည် တိုင်းပြည်အေးချမ်းပြီး ဆန်ရေစပါးပေါကြွယ်ဝလိမ့်မည်ဖြစ်ကြောင်း နက္ခတ္တဗေဒပညာရှင် အကြီးအကဲ ကန်ကင်ကကြေညာသည်။ကျွန်တော်တို့ ဒီနှစ်စိုက်ပျိုးရေးရာသီမှာ မိုးလေ၀သကောင်းပြီးတိုင်းပြည်အေးချမ်း သာယာပါလိမ့်မယ်ဟု အသက် ၅၉ နှစ်ရှိ ဆမ်ဆိုခွန်က အေအက်ဖ်ပီသို့ ၎င်းအခမ်းအနားအပြီး ပြောကြားသည်။

(အေအက်ဖ်ပီ)

MOI Webportal Myanmar


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ