တောဆင်ရိုင်းနင်း၍ လူတစ်ဦးသေဆုံး

၂၄-၅-၂၀၁၄ ရက်နေ့ နေ့လည်(၂း၃၀)အချိန်ခန့်တွင် ပဲခူးမြို့နယ်၊ ၀ါးပြန်ကုန်းကျေးရွာအုပ်စု၊ သစ်ဆိပ်ကုန်းကျေးရွာအနီး၊ ဆိပ်ဖူးတောင်နှင့် မြေနီတောင်ကြားတောထဲတွင် အောင်ခိုင်မင်း (၂၅)နှစ် (ဘ)ဦးမြင့်ဝင်း၊ လယ်လုပ်၊ သစ်ဆိပ်ကုန်းကျေးရွာသည် တစ်ရွာတည်းနေ သန်းနိုင်ဦး၊ မြင့်အေး၊ စိုးမင်းဦး၊ ခိုင်ဝင်းတို့နှင့်အတူ တောဆင်ရိုင်းတစ်ကောင်ရောက်ရှိနေကြောင်းကြားသိရ၍ ရွာထဲဝင် ရောက်မည်စိုးသဖြင့် သွားရောက်ခြောက်လှန့်မောင်းနှင်ခဲ့ကြောင်း၊ တောဆင်ရိုင်းမှာ ၄င်းတို့(၅)ဦးအား လိုက်လံနင်းသတ်ခဲ့၍ထွက်ပြေးခဲ့ရာ သန်းနိုင်ဦး၊ မြင့်အေး၊ စိုးမင်းဦး၊ ခိုင်ဝင်းတို့မှာ ထွက်ပြေးလွှတ် မြောက်ခဲ့သော်လည်း အောင်ခိုင်မင်းမှာ ဆင်နင်းခံရမှုကြောင့် အခင်းဖြစ်သည့်နေရာတွင် ဒဏ်ရာများ ရရှိသေဆုံးခဲ့သဖြင့် အောင်ခိုင်မင်း သေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် ထန်းတောကြီးနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်၊ ၄/၂၀၁၄ ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

သန့်စင်(ပဲခူး)



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ