ပြင်ဦးလွင်အမှတ်တရနဲ့ အိချောပို

  အိချောပိုက ပြင်ဦးလွင်မှာ နေတိုး၊ ခန့်စည်သူ၊ နေမင်းတို့နဲ့ ဗီဒီယို ၅ ကားရိုက်ကူးဖို့ ရောက်ရှိနေပါတယ်။ အဲဒီ ၅ ကားမှာတော့ ပရိသတ်
ကြိုက်မယ့် ဇာတ်လမ်းအစုံပါ တယ်လို့ပြောတဲ့ အိချောပိုကို ခန့်စည်သူနဲ့ ဟာသကားတွဲရိုက်တဲ့အခါမှာ ဟာသပိုင်တဲ့ ကိုခန့်စည်သူက ဘာတွေသင်ပေးလဲမေးတော့

” အစုံပါပဲ၊ ဟာသဒိုင်ယာလော့က တအားလေးလို့မရဘူးဆိုတာကအစအကုန်သင်ပေးပါတယ်” လို့ ပြောပါတယ်။ အငြိမ့်မင်းသမီး လူရွှင်တော်အဖြစ်လည်းလုပ်ဖူးတဲ့ အိချောပိုကို နောက်ထပ် လူရွှင်တော် လုပ်ပေးဖို့ ကမ်းလှမ်းထားတာရှိလားမေးတော့ ” အဲဒီတုန်းက ဦးဇာဂနာ ဦးစီးပြီးလုပ်ပြီးတဲ့နောက်ပိုင်းသမီးကို မင်းသမီးအဖွဲ့ကို ခေါ် တယ်လို့တော့ပြောတယ်။ ဒါပေမဲ့သမီး တို့ကလည်း ကိုယ့်အလုပ်တွေနဲ့ ကိုယ်ဆိုတော့ အဲဒီဘက်ကို သိပ်မလုပ်ဖြစ်သေးဘူး” လို့ပြောပါတယ်။

အိချောပိုရဲ့ ပြင်ဦးလွင်အမှတ်တရကိုမေးတော့ ” သမီးပြင်ဦးလွင် ကို၃ နှစ်မြောက်လာရောက်ရိုက်ကူးတာပါ။ ပထမဆုံး ပြင်ဦးလွင်မှာ ရိုက်တာက” ယောက်ျား ကိုရောင်း စားမယ်” ဆိုတဲ့ကား၊ ကိုပြေတီဦးနဲ့ပါ။ အဲဒီကားက တအားပေါက်ခဲ့တာ။ ပြီးတော့ “ဆွဲစိလိုက်မယ်” ကို ကိုမြင့်မြတ်နဲ့ရိုက်တာလည်း ပြင်ဦးလွင်မှာပဲ။ ကိုခန့်စည်သူနဲ့ အခု ပြင်ဦးလွင်မှာရိုက်တာက တော့ပထမဆုံးပါပဲ” လို့ပြောပါတယ်။

အချိန်တိုအတွင်းမှာ အိချောပိုအောင်မြင်လာတာဘာကြောင့်လို့ထင်လဲမေးတော့ ” အစ်ကို ဆရာတွေ က လက်တွဲခေါ်တာကြောင့်ပါသလို ပရိသတ်တွေကလည်း သမီးကားလေးတွေကိုအားပေးကြတာကြောင့်ပါ” လို့ပြောပါတယ်။

အလုပ်ကိုအာရုံစိုက်လုပ်နေတာကြောင့်အချိန်ပေးသင့်တဲ့ လူတွေကိုကောအချိန်ပေးဖြစ်ရဲ့လားမေးတော့ ” တခြားအာရုံပျံ့ လွင့်တာတွေမရှိသလို ဒီအလုပ်ကို အာရုံစိုက်တာကြောင့် အလုပ်လုပ်နေတဲ့အချိန်မှာ တခြားဟာကို ခေါင်းထဲမထည့်ဘူး။

ဒီလုပ်လုပ်ကတည်းက မိသားစု စုံစုံညီညီတွေ့ရတာတောင်
သိပ်မရှိတော့ဘူး” လို့ ပြောပါ တယ်။ အိချောပိုကို ဖေ့စ်ဘုတ်
ပရိသတ်က ဘာပြောလဲမေးတော့ ” အစ်မကကားတော်တော် ရိုက်တာပဲလို့ ပြောကြတယ်။ ပရိသတ်က အိချောဇာတ်ကားတွေကို
စိတ်ဝင်တစားနဲ့မေးရင် ပြန်ပြောဖြစ်တယ်” လို့ပြောပြခဲ့ပါတယ်။

နေကွန်းထင်

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ