အနုပညာနဲ့ပတ်သက်ပြီး အမှတ်တရတစ်ခုတော့ ထားခဲ့မှာပါလို့ ဆိုလာတဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်က ဒါရိုက်တာ ပြည်ဟိန်းသီဟရိုက်ကူးတဲ့ “အပုန်း” ဇာတ်ကားကိုမြင့်မြတ်၊ ခင်လှိုင်တို့နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားမှာ အပုန်းတွေရဲ့ မော်ဒယ်နည်းပြဆရာမအဖြစ် သရုပ်ဆောင်ထားတဲ့ သင်ဇာဝင့်ကျော်က ” မော်ဒယ်နည်းပြဆရာမဆိုတော့ စမတ်ကျကျဝတ်စားလို့တော့ရတယ်။

ဒါပေမဲ့ အပြင်မှာက အခြောက် နည်းပြဆရာမဆိုတာ မရှိဘူးလေ။ အဲဒီတော့ ကိုယ်ဝတ်ချင်သလို ဝတ်လို့ရတာပေါ့။ ဖန်စီဖြစ်မယ့် ပုံစံလေးတွေပဲ ဝတ်ပါတယ်” လို့ ပြောပါတယ်။

သင်ဇာဝင့်ကျော်က ပရိသတ်ရင်ထဲပိုရောက်မယ့် ဒရာမာဇာတ်ကားတွေကို ရိုက်ရတာပိုကြိုက်ပြီး ဖန်စီဇာတ်ကားကတော့ တစ်ခါတလေပဲ ရိုက် တာကောင်းတယ် လို့ ပြော ပါတယ်။ သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေက အနုပညာနဲ့ဆက်နွှယ်တဲ့ ဖက်ရှင် ကတ်တလောက်တွေ၊ အမှတ်တရစာအုပ်တွေ ထုတ်တာတွေ့ရတာကြောင့် သင်ဇာ ဝင့်ကျော်အနေနဲ့ကော အဲဒီလိုစိတ်ကူးတွေရှိလားလို့မေးတော့ ” စိတ်ကူးတော့ရှိပါတယ်။

ဒါပေမဲ့ဘာလဲဆိုတာအတိအကျမသိသေးတဲ့အချိန်မှာ အကောင်အထည် မေ ဖ်ာဖြစ်သေးတာပါ။ မှတ်တိုင်တစ်ခုတော့ ထားခဲ့မှာပါ။ အမှတ်တရတစ်ခုခုတော့ ထားခဲ့မှာပါ။ ဒါပေမဲ့ အဆင်သင့်မဖြစ်သေးဘူး” လို့ပြောပါတယ်။ သင်ဇာဝင့်ကျော် က ကလောမှာ ဇာတ်ကားသွားရိုက်ဖို့ ရှိပြီး ဟိန်းဝေယံနဲ့ ၂ကား၊ နေဒွေးနဲ့ တစ်ကားရိုက်ကူးမှာဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ