တောင်ငူမြို့တွင် ငွေကျပ် ၁၈၇ သိန်းကျော်ဖိုးရှိ ရွှေထည်လက်ဝတ်ရတနာ ပစ္စည်းများ ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား၊ ရဲတပ်ဖွဲ့က ၁၃ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့


တောင်ငူ မေ ၂၀

တောင်ငူမြို့ အမှတ်(၁၂)ရပ်ကွက် (၅)လမ်းနေ ဒေါ်သန်းသန်းဝင်း(၅၇) နှစ်သည် မေ ၁၉ ရက် ညနေ ၅ နာရီ မိနစ် ၅၀ ခန့်က အမှတ်(၁၅) ရပ်ကွက် ဈေးလမ်းရှိ ဆေးပစ္စည်း အရောင်းဆိုင်မှ နေ၍ နေအိမ်ကိုပြန် လာခဲ့ရာ နေအိမ်အပေါ်ထပ် တံခါးပျက်စီး နေပြီး အိမ်အတွင်းရှိ ပစ္စည်းများ မှာလည်း ပြန့်ကျဲနေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးကြည့်ရှုခဲ့ရာ နေအိမ် အောက်ခန်းရှိ သံသေတ္တာအတွင်း ထည့်ကာ သိမ်းဆည်း ထားသော ကျောက်မျက်ရတနာနှင့် ရွှေထည်ပစ္စည်း လက်ဝတ်ရတနာမျိုးစုံ ၁၅ မျိုး ကာလတန်ဖိုးကျပ် ၁၈၇၅၀၀၀၀ ခန့် ပျောက်ဆုံးသွားကြောင်း တွေ့ရ၍ တောင်ငူအမှတ်(၂)နယ်မြေရဲစခန်း တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အုန်းဖေ၊ အမှတ် (၂)နယ်မြေရဲစခန်းမှ ရဲအုပ်အေးဇော်နှင့် တာဝန်ရှိသူများက အခင်းဖြစ်ပွားသည့် နေအိမ်အား စစ်ဆေးခဲ့ပြီး တာဝန်သိ ပြည်သူများ၏ ပူးပေါင်းကူညီ သတင်း ပေးမှုကြောင့် တရားခံ  ဖြိုးဝင်းပိုင် အား ဖမ်းဆီး နိုင်ခဲ့သည်။

လွန်ခဲ့သော သုံးရက်ခန့်က အလားတူ ပြစ်ဒဏ်ကျခံရဖူးသည့် ဖြိုးဝင်းပိုင်(၂၄) နှစ် အမှတ်(၁၃)ရပ်ကွက် တောင်ငူမြို့ နေသူမှာ မသင်္ကာဖွယ်ရောက်ရှိခဲ့ ကြောင်းသတင်းအရ မိမိတပ်ဖွဲ့ဝင်များက အသွင်ယူစောင့်ကြည့်နေစဉ် ယင်းနေ့ ည ၁၀ နာရီခွဲခန့်တွင် ဖြိုးဝင်းပိုင်မှာ အစ်မတော်စပ်သူ မဖြူထံသို့ အများသုံးတယ်လီဖုန်းမှ တစ်ဆင့် ဖုန်းဆက်သွယ်ရာ ခရိုင်မှုခင်းနှိမ်နင်း ရေးအဖွဲ့မှ ရဲအုပ်ဇော်ဝေ၊ အမှတ်(၂) နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် အေးဇော်နှင့်အဖွဲ့က မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်ရှိ ခေတ်သစ် လက်ဖက်ရည်ဆိုင် အနီး၌ စောင့်ဆိုင်း နေစဉ် မေ ၂၀ ရက် နံနက် ၆ နာရီခန့်တွင် ဖြိုးဝင်းပိုင်မှာ လမ်းလျှောက်လာစဉ် ဖမ်းဆီးခဲ့ပြီး ၎င်းယူဆောင်သွား သော သက်သေခံ ပစ္စည်းများကို ပြန်လည်သိမ်းဆည်း ရရှိခဲ့၍ တောင်ငူ အမှတ်(၂)နယ်မြေရဲစခန်းက (ပ) ၁၅၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကိုလွင်(ဆွာ)

BY THIT HTOO LWIN

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ