မြန်မာ အမျိုးသမီး အသင်း ကမ္ဘာ့ ဖလား ဝင်ခွင့် ရမည်ဟု ယုံကြည်ကြောင်း နည်းပြချုပ် ပြောကြား

မြန်မာ အမျိုးသမီး အသင်း လက်ရွေးစင် အသင်းနည်းပြချုပ် ကုမာဒါက လာမည့် ၂ဝ၁၄ အာရှ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ မှတစ်ဆင့် ကမ္ဘာ့ဖလား ဝင်ခွင့်အတွက် ယုံကြည်မှု ရှိကြောင်း 2014 AFC Women's Asian Cup ပြိုင်ပွဲ လက်ခံကျင်းပမည့် အိမ်ရှင် ဗီယက်နမ် နိုင်ငံသို့ မထွက်ခွာမီ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

2014 AFC Women's Asian Cup ပြိုင်ပွဲကို အုပ်စု နှစ်စုခွဲ၍ ကျင်းပ သွားမည် ဖြစ်ပြီး မြန်မာအမျိုးသမီး အသင်းသည် အုပ်စု (B)တွင် ဒေသတွင်း မဟာပြိုင်ဘက် ထိုင်း အမျိုးသမီး အသင်း နှင့်အတူ အာရှအင်အားကြီး အသင်းများဖြစ် သည့် တောင်ကိုရီးယားနှင့် တရုတ် အသင်းတို့ နှင့်အတူ ပါဝင် ယှဉ်ပြိုင်လျက် ရှိသည်။

ကုမာဒါက ''မြန်မာ အမျိုးသမီး အသင်းအနေနဲ့ ၂ဝ၁၄ အာရှအမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲမှာ ပြိုင်ဘက် အသင်းတွေကို အနိုင်ရယူဖို့ မလွယ်သလို ပြိုင်ဘက် အသင်း တွေကလည်း ကျွန်တော်တို့ အသင်းကို အလွယ်တကူအနိုင်ယူဖို့ လွယ်ကူမှာ မဟုတ် ပါဘူး။ ဒီပြိုင်ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်ရဖို့ ကျွန်တော့် အနေနဲ့ ကစားသမား တွေကို Motivate လုပ်တဲ့အခါမှာ ဆီးဂိမ်းကရတဲ့ သင်ခန်းစာတွေကို အသုံးပြုပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်''ဟုဆိုသည်။

အုပ်စု (A) တွင် ဗီယက်နမ်၊ သြစတြေးလျ၊ ဂျပန်နှင့် ဂျော်ဒန် အမျိုးသမီး အသင်းများ ပါဝင်ကြောင်း သိရသည်။ 2014 AFC Women's Asian Cup ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အဆင့်အထိ တက်ရောက်နိုင်သည့် အသင်းများ နှင့်အတူ အုပ်စုတစ်ခုချင်းစီမှ တတိယနေရာ ရသည့် အသင်းများ Play-off ကစားပြီး နိုင်သည့် အသင်း တို့မှာ၂ဝ၁၅ FIFA အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ အမျိုးသမီး အသင်းသည် ပြိုင်ပွဲ မတိုင်မီ တရုတ် နိုင်ငံ၌ သွားရောက် လေ့ကျင့်မှုများ ပြုလုပ်ထားပြီး တရုတ်နိုင်ငံ ကွမ်ကျိုး ပြည်နယ် အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားခဲ့ရာတွင်လည်း နိုင်ပွဲများ ရရှိထားသည့် အသင်း ဖြစ်သည်။

ဗီယက်နမ်နိုင်ငံတွင်ကျင်းပမည့် 2014 AFC Women's Asian Cup ပြိုင်ပွဲကို မေ ၁၄ရက်မှ ၂၅ရက်အထိ ပြုလုပ်သွားမည် ဖြစ်ပြီး မြန်မာ အသင်းမှာ မေ ၁၅ ရက်တွင် တောင်ကိုရီးယား အသင်းနှင့် အုပ်စု (B) အဖွင့်ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစား မည် ဖြစ်ကြောင်း သိရသည်။

ကျော်ကိုဆင့်
မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ