အဖေနဲ့ အမေကို သူမရဲ့ မန်နေဂျာရာထူးက ထုတ်ပယ်လိုက်တဲ့ Selena Gomez

အသက် ၂၁ နှစ်အရွယ် သရုပ်ဆောင်၊ အဆိုတော်မလေးဟာ အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် မိဘအုပ်ထိန်းမှုအောက်မှာ နေချင်ပုံမရတော့ပါဘူး။ ဒါအပြင့် Selena ဟာ သူမရဲ့ မန်နေဂျာရာထူးကို ပရော်ဖက်ရှင်နယ်တစ်ယောက်ဆီမှာ ပဲ အပ်နှင်းချင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါသေးတယ်။

Selena Gomez ဟာ သူမရဲ့ မိဘနှစ်ပါးကို မန်နေဂျာရာထူးက ထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။ သူမရဲ့ အမေ Mandy Teefey နဲ့ ပထွေးဖြစ်သူ Brian Teefey တို့ ရဲ့ နေရာကို ပရော်ဖက်ရှင်နယ်မန်နေဂျာတစ်ယောက်နဲ့  အစားထိုးချင်နေတယ်လို့ သိရပါတယ်။

TMZ သတင်းဌာနရဲ့အဆိုအရ သူမရဲ့ နာမည်ကျော်သူငယ်ချင်းတွေလိုပဲ ပရော်ဖက်ရှင်နယ်မန်နေဂျာ တစ်ယောက် လိုချင်နေကြောင်းနဲ့  အရွယ်ရောက်လာပြီဖြစ်လို့  မိဘအရိပ်အောက်ကထွက်ဖို့ စဉ်းစားနေတယ် လို့ သိရပါတယ်။

ရည်းစားဟောင်း Justin Bieber နဲ့ ပတ်သတ်ပြီး မိဘနှစ်ပါးနဲ့ အငြင်းအခုံတွေ ဖြစ်ခဲ့ပေမယ့် အခုကိစ္စနဲ့  ဘာမှမဆိုင်ဘူးလို့  TMZ က တင်ပြထားပါတယ်။

သူတို့ မိသားစုသုံးယောက်ဟာ အတူနေအုန်းမယ်လို့ ဆိုပေမယ့် အမေဖြစ်သူ Mandy ကတော့ ဒီဆုံးဖြတ်ချက်နဲ့  ပတ်သတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ပြောကြားခဲ့ပါတယ်။

Ref: Mirror.co.uk

Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ