ပင့်ကူတစ်ကောင်လို အမြန်ပြေးပြီး ကျောင်းသွားတက်မယ့် ခါးချင်းဆက်အမြွှာ

မွေးကတည်းက နှစ်ယောက်ပေါင်း ခြေထောက်နှစ်ချောင်းနဲ့ လက်လေးချောင်းသာ ပါရှိပြီး ခါးချင်းဆက်နေတဲ့ အမြွှာ Shivanath နဲ့ Shivram Sahu တို့ နှစ်ယောက် ကျောင်းသွားဖို့ နည်းလမ်းရှာတွေ့ ခဲ့ပါပြီ။ ပင့်ကူတစ်ကောင်လို မြေပြင်ပေါ်မှာ ပြေးပြီး ကျောင်းအရောက်သွားတက်ကြမှာပါ။

ကိုယ့်ဘာသာအ၀တ်လျှော်၊ အ၀တ်စားလဲ၊ အစာစားပြီး ဆရာဝန်တွေကို အံ့အားသင့်စေခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် အမြွှာနှစ်ယောက်ဟာ ဘယ်တော့မှ ခွဲစိတ်မှု ခံယူမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ချထားကြသူတွေပါ။

“ ကျွန်တော်တို့ နှစ်ယောက် သီးခြားမနေချင်ပါဘူး။ ဒီပုံစံအတိုင်းပဲ ကျွန်တော်တို့ အသက်တွေကြီးလာတဲ့အထိ နေသွားမှာ။ ကျွန်တော်တို့ မွေးလာတဲ့ ပုံစံအတိုင်းပဲ နေချင်ပါတယ်” လို့  Shivram က ပြောကြားခဲ့ပါတယ်။

ဒီအမြွှာနှစ်ယောက်ကို အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ Raipur မြို့ အနားက ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့တာပါ။

သူတို့ မွေးဖွားလာတော့ တစ်ရွာလုံးအုတ်အော်သောင်းနင်းဖြစ်ခဲ့ပြီး တစ်ချို့ ရွာသားတွေဆို နတ်ဘုရားဝင်စားတာဆိုပြီး သူတို့ ကို ကိုးကွယ်ခဲ့ကြပါတယ်။



ဒေသတွင်းဆရာဝန်တစ်ယောက်က နှစ်ယောက်စလုံးဟာ ကျန်းကျန်းမာမာရှိပေမယ့် သူအနေနဲ့ ခွဲစိတ်ဖို့ တော့ မတတ်နိုင်ဘူးလို့ ဆိုခဲ့ပါတယ်။

သူတို့ နှစ်ယောက်ဟာ အစာအိမ်တစ်ခုထဲကို မျှဝေသုံးစွဲတယ်လို့ ယူဆရပေမယ့် တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် အဆုတ်၊ နှလုံးနဲ့ ဦးနှောက်တွေ ရှိပါတယ်။

သူတို့ နေထိုင်တဲ့ အိမ်နှစ်ခန်းတွဲရဲ့ လှေကားတွေကို အတက်အဆင်းပြုလုပ်နိုင်သလို ခြေချောင်း၊လက်ချောင်း ခြောက်ချောင်းလုံးနဲ့ ပြေးလွှားနိုင်ပြီး ခရစ်ကတ်နဲ့ တခြားကစားနည်းတွေကိုလည်း အိမ်နီးချင်းကလေးတွေနဲ့  အတူကစားနိုင်တယ်လို့ သိရပါတယ်။

အမြွှာနှစ်ယောက်ဟာ ဒေသတွင်း အထက်တန်းကျောင်းမှာ တက်ရောက်ပညာသင်ကြားနေပြီး ဖခင်ဖြစ်သူက မနက်တိုင်း စက်ဘီးနဲ့ ကျောင်းလိုက်ပို့ ရပါတယ်။ နှစ်ယောက်လုံးဟာ စာတော်တဲ့ကျောင်းသားတွေဖြစ်ပြီး သူတို့ ကျောင်းရဲ့ ထိပ်ဆုံးကျောင်းသားစာရင်း မှာလည်း ပါဝင်သူတွေလို့ သိရပါတယ်။ အခုတော့ Shivanath နဲ့  Shivram တို့ နှစ်ယောက်က ပင့်ကူတစ်ကောင်လို ပြေးလွှားပြီး ကိုယ့်ဘာသာကျောင်းသွားတက်တော့မယ်လို့  သိရပါတယ်။





Ref: Mirror.co.uk
 
Trend Myanmar
 

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ