ဒိုင်နိုဆောပုံတူမျိုးပွား သိပ္ပံပညာရှင်များ အောင်မြင်စွာမွေးဖွား

အင်္ဂလန် အရှေ့မြောက်ပိုင်း လစ်ဗာပူးလ်မြို့ရှိ ဂျွန်မိုး တက္ကသိုလ်မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဒိုင်နိုဆော ပုံတူမျိုးပွား တစ်ကောင်ကို အောင်မြင်စွာ မွေးဖွားပေးနိုင် ခဲ့ကြောင်း ပြောကြားသည်ဟု Science Fiction သတင်းတွင် ဖော်ပြထားသည်။

ထိုဒိုင်နိုဆော သားပေါက်လေးကို စပေါ့ (Spot) ဟု အမည်ပေးထားပြီး Apatosaurus ဒိုင်နိုဆော မျိုးစိတ်ဝင် ဖြစ်ကာ ဂျွန်မိုးတက္ကသိုလ် လက်အောက်ရှိ တိရစ္ဆာန် ဆေးကောလိပ် တစ်ခုတွင် ပညာရှင်များက ပေါက်ဖွားစေရန် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး စပေါ့သည် ယခုအခါ အခြေအနေ ကောင်းမွန်လျက် ရှိကြောင်း ယင်းသတင်းက ဆိုသည်။

သိပ္ပံပညာရှင်များသည် Apatosaurus ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုမှ DNA ကိုထုတ်ယူပြီးနောက် မျိုးပွားပြီး ငှက်ကုလားအုတ်မ တစ်ကောင် ဝမ်းဗိုက်အတွင်း ထည့်သွင်းကာ သန္ဓေသားအဖြစ် မွေးမြူခဲ့ခြင်း ဖြစ်သည်။

ယင်းပရောဂျက်ကို ဦးဆောင်သူမှာ သိပ္ပံပညာရှင် ဒေါက်တာ ဂါးရတ်ဂျုံးစ် ဖြစ်ပြီး ဒိုင်နိုဆောနှင့် ငှက်ကုလားအုတ်တို့သည် မျိုးရိုးဗီဇလက္ခဏာ ဆင်တူသောကြောင့် ယင်းသို့ ပေါင်းစပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
“သူတို့ရဲ့ ဥခွံတွေဟာ ထပ်တူနီးပါး ဆင်ကြတယ်။ ဒါကြောင့် ဒီလိုပုံတူ မျိုးပွားမှုဟာ အောင်မြင်ခဲ့တာပါ” ဟု ဒေါက်တာ ဂါးရတ်က ဆိုသည်။

ယင်းသို့ ဒိုင်နိုဆော တစ်ကောင်အား ပုံတူမျိုးပွားခြင်းကို Jurassic Park ဆိုသည့် ရုပ်ရှင်ကားထဲ၌သာ တွေ့မြင်ခဲ့ကြရပြီး မိမိအနေနှင့် ရုပ်ရှင်ထဲကအတိုင်း စိတ်ကူးကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ဓာတုဗေဒ ပါမောက္ခ ဒေါက်တာ ဝမ်မာရှီရီဒန်က ပြောကြားသည်။

ထိုသို့ ပုံတူမျိုးပွား ဖော်ဆောင်မှုနှင့် ပတ်သက်ပြီး PETA တိရစ္ဆာန် အခွင့်အရေး ကာကွယ်ရေးအဖွဲ့က ကန့်ကွက် ထားကြောင်း Science Fiction သတင်းတွင် ရေးသားထားသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ