အသွားအလာ၊ အထိုင်အထများ လို့ဖြစ်စေ ကြီးမားလေးလံတဲ့ခန္ဓာ ကိုယ်ကို မနည်းသယ်ပြီးသွားနေရ တဲ့ ကိုယ်အလေးချိန်များသူ အများစုမှာ ဒူးနာတဲ့ဝေဒနာခံစား ရလေ့ရှိပါတယ်။ ဒူးနာမှဆေး လိမ်း၊ ဆေးသောက်၊ ဆေးထိုးတာ ထက် ဘယ်လိုကြိုတင်ကာကွယ် ရမယ်ဆိုတာကို ဆေးပညာရှင် အချို့က အကြံပြုထားပါတယ်။
nကိုယ်အလေးချိန်များလာတာနဲ့ အမျှ အရိုးအဆစ်တွေကိုပိုမိုဒဏ် ဖြစ်စေတဲ့အတွက် လိုအပ်တဲ့ ကိုယ်အလေးချိန်ရရှိအောင် လုပ် ဆောင်ရပါမယ်။
n ဒူးနာသူတွေအတွက် အကောင်း ဆုံးလေ့ကျင့်ခန်းကလမ်းလျှောက် တာနဲ့ ရေကူးတာဖြစ်တဲ့အတွက် ကိုယ့်အတွက် သင့်လျော်မယ့် လေ့ကျင့်ခန်းကို ရွေးချယ်လုပ် ဆောင်ရပါမယ်။
nအရိုးအကြောအဆစ်အတွက် ထိရောက်တဲ့ကုသမှုတွေလုပ်နိုင် ဖို့ ပြင်ပကုထုံးဆရာနဲ့တိုင်ပင် ကုသရပါမယ်။
n ကျန်းမာရေးကောင်းပြီး အရိုး အဆစ်နာကျင်မှုတွေနည်းပါးဖို့ အတွက် လုံလောက်တဲ့အနားယူ မှုနဲ့ အပန်းဖြေမှုမျိုးလည်းလိုအပ် တာကြောင့် အသက်ပြင်းပြင်းရှူ ပေးတာတွေ၊ တရားထိုင်တာမျိုး တွေလုပ်ပေးရပါမယ်။
n ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာ ရေးကောင်းဖို့အတွက် အိပ်စက် ချိန်မှန်ဖို့လိုအပ်တာကြောင့် အိပ် ရေးဝဝအိပ်ပေးရပါမယ်။
n နာကျင်ကိုက်ခဲတာကို အပူ အအေးက လျော့ပါးသက်သာစေ တာကြောင့် မနက်ပိုင်းမှာရေပူနဲ့ ရေချိုးပေးပြီး ညအိပ်ခါနီးမှာ ရေ နွေးနွေးနဲ့ ရေချိုးပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။
n လူသုံးများတဲ့အကိုက်အခဲ ပျောက်လိမ်းဆေးကို လိမ်းပေးနိုင် ပါတယ်။
n ဆရာဝန်နဲ့တိုင်ပင်ပြီးမှ အ ကိုက်အခဲပျောက်သောက်ဆေး ကို သုံးနိုင်ပါတယ်။
n အပြင်းစားနာကျင်ကိုက်ခဲမှုတွေ ဖြစ်လာတဲ့အခါ လိုအပ်ရင်ဆရာ ဝန်ညွှန်ကြားချက်နဲ့ ထိုးဆေးသုံး နိုင်ပါတယ်။
n နောက်ဆုံးအဆင့်မခံမရပ်နိုင် အောင်၊ မလှုပ်ရှားနိုင်အောင် နာ ကျင်လာပြီဆိုရင်တော့ ဓာတ်မှန် ရိုက်ကြည့်ပြီး ခွဲစိတ်ဖို့အထိပါ လုပ်ဆောင်ရတတ်ပါတယ်။
—Ref: healthcommunities.com
7DAY DAILY
ဒူးနာတာမဖြစ်အောင် ဘာတွေလုပ်မလဲ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin