လင်မယားချင်း စကားများရာက လက်ပစ်ဗုံးနဲ့ထပစ်

လင်မယားချင်း စကားများကြတဲ့ နောက်ဆက်တွဲအနေနဲ့ ယောကျာ်းဖြစ်သူက လမ်းထဲမှာရှိနေတဲ့ မိန်းမကို လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တယ်ဆိုတဲ့ အမှုတစ်ခုတက် လာပါတယ်။ အဲ့ဒီ့နောက်မှာတော့

မိန်းမဖြစ်သူရဲ့ ၀မ်းဗိုက်က ဗုန်းဆန်တွေကို ဖယ်ရှားဖို့အတွက် ခွဲစိတ်ကုသမှု ခံယူနေရပါတယ်။

Switzerland, Aargau ဒေသမှာ ဖြစ်ပွားခဲ့တဲ့  အမှုနဲ့ပတ်သတ်ပြီး အသက် ၅၅နှစ်ရှိပြီဖြစ်တဲ့ Bosnia နိုင်ငံသားဟာ အစစ်ဆေး အမေးမြန်းခံနေရပါတယ်။

SDA သတင်းအေဂျင်စီရဲ့ သတင်းထုတ်ပြန်ချက် တစ်ရပ်အရ အသက် ၅၉နှစ်ရှိ အမျိုးသမီးဟာ သူ့ယောကျာ်းရဲ့ ခပ်တန်းတန်း ဆက်ဆံမှုကို ခံခဲ့ရပါတယ်။ သူမဟာ အခင်းဖြစ်ပြီး ၁နာရီလောက် ကြာမှ ရဲတွေဆီ အကြောင်းကြားတယ်လို့ သိရပါတယ်။

သူမဟာ အစပိုင်းမှာတော့  လက်ချောင်း တစ်ချောင်းပဲ ဒဏ်ရာရတာပါဆိုပြီး အမှုကို သေးအောင် လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ဆေးရုံးရဲ့ ဖြောင့်ချက်မှာတော့ သူမရဲ့ ၀မ်းဗိုက်မှာ ဗုံးဆန်များထိထားပြီး ဝေဒနာ ခံစားနေရတယ်လို့ တင်ပြထားပါတယ်။

စုံစမ်းစစ်ဆေးသူတွေဟာ လမ်းပေါ်က လက်ပစ်ဗုံး အစအနတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ့ လက်ပစ်ဗုံးရဲ့ ပေါက်ကွဲမှုအားပြင်းလွန်းလို့ အနီးအနားက ပြူတင်းပေါက်ကိုပါ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

Ref:dailymail.co.uk
Treand Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ