သင်္ကြန်ကာလ ဘန်ကောက်မှာ ကားခိုးဇာတ်ကား သွားရိုက်မယ့် သဉ္ဇာနွယ်ဝင်း

သင်္ကြန်ကာလအတွင်း ဘန်ကောက်မှာ ‘ကားခိုး သည့်ဇာတ်ကား’
သွားရောက် ရိုက်ကူးမှာဖြစ်ကြောင်း သဉ္ဇာနွယ်ဝင်း က ပြောသည်။
အဆိုပါ ကားခိုးသည့် ဇာတ်ကားမှာ သဉ္ဇာနွယ်ဝင်း က ဘန်ကောက်မှာ နေထိုင်သည့် ကာရိုက်တာ ဖြစ်ပြီး သူမ ကားကို အောင်ရဲလင်းက ခိုးပြီး ၁ဝ နှစ်ကြာ မှ မြန်မာနိုင်ငံ တွင် ပြန်တွေ့ကြသည့် ကာရိုက်တာ ဖြစ် ကြောင်း ၄င်းထံမှ သိရသည်။

”ဇာတ်ကား လက်ခံပြီးမှ မဏ္ဍပ်ကို ထိုင်ဖို့လာခေါ် ကြတယ်။ သင်္ကြန်ကို ဘန်ကောက်မှာပဲ ရှိနေမယ်” ဟု သဉ္ဇာနွယ်ဝင်း က ပြောသည်။
ဒီကားမှာ ကာရိုက်တာ ပီပြင်အောင် ပရိသတ် အမြင်ဆန်းအောင် ထူးခြားမှု ရှိအောင် ကြိုတင်ပြင်ဆင်မှု တွေ လုပ်ခဲ့တယ်ဟု သဉ္ဇာနွယ်ဝင်း က ပြောသည်။

သဉ္ဇာနွယ်ဝင်းက လတ်တလောမှာ ဟိန်းဝေယံ နဲ့ ‘မိုးကျရွှေကို’ ဇာတ်ကားကို ရိုက်ကူးပြီး သင်္ကြန် မတိုင်ခင် ဘန်ကောက် ရိုက်ကူးရေး ဆက်မှာဖြစ်ကြောင်း သိရ သည်။အဆိုပါ ကားခိုးသည့် ဇာတ်ကားမှာ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးမှာဖြစ်ပြီး အောင်ရဲလင်း၊ သဉ္ဇာနွယ်ဝင်းနှင့် ဖူးဖူးတို့ ပါဝင်မှာဖြစ်ကြောင်း သိရ သည်။

ထူးထူး
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ