ဖေဘီယန်စကီး၏ ပင်နယ်တီ ကာကွယ်မှုများနှင့်အတူ အက်ဖ်အေဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့် အာဆင်နယ်

ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲတွင် မိနစ် ၉၀ နှင့် အချိန်ပိုအတွင်း ၁-၁ သရေကျခဲ့ပြီးနောက် အာဆင်နယ်က ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိသွားခဲ့သည်။

ဝီဂန်တွင် ကာဆန်၊ ပတ်ခ်ျ၊ ဘွိုက်စ်၊ ရာမစ်၊ ခရိုင်နေ၊ မက်အာသာ၊ မက်အီခရန်၊ မက်မာနာမန်၊ ဘူစီယော်၊ ဂိုးမက်ဇ်၊ ဖော်ကျွန်း တို့ပါဝင်ကစားခဲ့သည်။

အာဆင်နယ်တွင် ဖေဘီယန်စကီး၊ ဆက်ဂ်ညာ၊ မာတီဆက်ကာ၊ ဗာမယ်လန်၊ မွန်ရီရယ်၊ အာတီတာ၊ ချိန်ဘာလိန်၊ ရမ်ဆေး၊ ကာဇိုလာ၊ ပိုဒေါစကီး၊ ဆာနိုဂိုတို့ ပွဲထွက်ပါဝင်ခဲ့သည်။

ဝီဂန်နှင့် အာဆင်နယ်တို့၏ အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲတွင် ပထမပိုင်း၌ ဂိုးမရှိသရေကျခဲ့သည်။ ဒုတိယပိုင်း ၆၃ မိနစ် တွင် ဝီဂန်က အဖွင့်ဂိုးကို ပရရှိသွားခဲ့သည်။

အဆိုပါဂိုးကို ဂိုးမက်ဇ်က ပင်နယ်တီမှတစ်ဆင့် သွင်းယူသွားခဲ့သည်။

၇၉ မိနစ်တွင် အာဆင်နယ်က ချေပဂိုး ရရှိလုနီးပါး ဖြစ်ခဲ့ပြီး ထောင့်ကန်ဘောမှ ဆက်ဂ်ညာ ခေါင်းတိုက်သွင်းသည့် ဘောလုံးမှာ တိုင်ထိထွက်ခဲ့သည်။

၈၁ မိနစ်တွင် ဂစ်ဘ်၏ ခေါင်းတိုင်သွင်းသည့် ဘောလုံးကို ဝီဂန် ဂိုးသမား ကာဆန်က ဂိုးစည်းပေါ်မှ ရှင်းထုတ်ခဲ့ရသည်။ ၈၂ မိနစ်တွင် အာဆင်နယ်က ချေပဂိုး ရရှိခဲ့ပြီး အဆိုပါ ဂိုးကို မာတီဆက်ကာက ကီရင်ဂစ်ဘ်၏ မြေမကျဘောမှ တစ်ဆင့် သွင်းယူသွားခဲ့သည်။

မိနစ် ၉၀ ပြည့်ချိန်တွင် ၁-၁ ဂိုး သရေကျခဲ့ပြီး အချိန်ပို မိနစ် ၃၀ ဆက်ကစားခဲ့ရသည်။ မိနစ် ၁၁၀ တွင် ချိန်ဘာလိန်၏ ၁၈ ကိုက်မှ ကန်သွင်းချက် ဂိုးတိုင်ထိထွက်ခဲ့သည်။

အချိန်ပို ပြီးဆုံး၍ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာ အာဆင်နယ် ဂိုးသမား ဖေဘီယန်စကီးက ဝီဂန် ကစားသမားများ၏ ကန်သွင်းချက်များကို ကာကွယ်နိုင်ခဲ့ပြီး ကာဇိုလာက အဆုံးအဖြတ်ဂိုး သွင်းယူခဲ့သောကြောင့် ပွဲအပြီးတွင် အာဆင်နယ်က ဝီဂန်ကို ၄-၂ ဂိုးဖြင့် အနိုင်ရကာ အက်ဖ်အေဖလား ဗိုလ်လုပွဲသို့ တက်ရောက်သွားနိုင်ခဲ့သည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ