ဆိုင်ကယ် (၂)စီးမျက်နှာချင်းဆိုင် တိုက်မိသဖြင့် မောင်းနှင်သူ (၂)ဦး သေဆုံးပြီး လိုက်ပါ စီးနင်းသူများ ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၃

၁၂.၄.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန်ခန့်တွင် တွံတေးမြို့နယ်၊ ဆိပ်ကြီး ခနောင်တို-တွံတေးကားလမ်းအတိုင်း တွံတေးဘက်မှ ဆိပ်ကြီးခနောင်တို ဘက်သို့ ဇော်ဇော်ဦး၊ (၂၃)နှစ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နေသူ
မောင်းနှင်ပြီး နောက်မှဆိပ်ကြီးခနောင်တိုမြို့နယ်နေ ကိုအောင်ဝင်း လိုက်ပါ စီးနင်းလာသည့် ကန်ဘို-125အနက်ရောင်ဆိုင်ကယ်နှင့်မျက်နှာချင်းဆိုင်မှ ဖြိုးဝေ၊ (၁၇)နှစ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နေသူ မောင်းနှင်ပြီးနောက်မှ ဆိပ်ကြီခနောင်တိုမြို့နယ်နေမောင်သန့်ဇင် (ခ)၀သုန်နှင့်မောင်ဖိုးဝတို့ လိုက်ပါစီးနင်းလာသည့် ကန်ဘို -110 ဆိုင်ကယ်တို့သည် တွံတေးမြို့နယ်၊ လက်ပံခွကျေးရွာ ထိပ်တွင်တိုက်မိ ခဲ့ကြပါသည်။

ထိုသို့ တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူများဖြစ်သည့် ဇော်ဇော်ဦးနှင့် ဖြိုးဝေတို့ (၂)ဦးမှာ ဖူးရောင်သွေးထွက် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းသူများဖြစ်သည့် ကိုအောင်ဝင်း၊ မောင်သန့်ဇင်(ခ)၀သုန်နှင့် မောင်ဖိုးဝတို့တွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် ဆေးကုသမှုခံယူခဲ့ရပါသည်။

ယင်းကဲ့သို့ ဆိုင်ကယ်တိုက်မှုဖြစ်ပွားအောင် မဆင်မခြင်မောင်းနှင်ကြသူ များဖြစ်သည့် ဇော်ဇော်ဦး (သေဆုံး)နှင့် ဝေဖြိုး(သေဆုံး)တို့ (၂)ဦးအား တွံတေးမြို့မရဲစခန်းယာဉ်(ပ)၁၅/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ