ဒဂုံဆိပ်ကမ်းမြို့နယ်၌ လူသတ်မှုဖြစ်

ရန်ကုန်၊ ဧပြီ ၂၉

၂၈.၄.၂၀၁၄ ရက်နေ့ ၁၃၀၅ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ညောင်ပင်ကျေးရွာအရှေ့ဘက် လယ်ကွင်းအတွင်း၌ အမျိုးသားတစ်ဦးဒဏ်ရာများဖြင့် လဲကျ သေဆုံးနေကြောင်း ညောင်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးမှ အကြောင်း ကြားလာသဖြင့် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ၎င်းကျေးရွာနေ ဦးရဲနိုင်၏နေအိမ်တွင် လယ်သူရင်းငှားလုပ်သူ ဦးအေးငြိမ်း၊ (၅၂)နှစ်ဖြစ်ကြောင်းသိရှိရပြီး လယ်ကန်သင်းရိုးဘေးတွင် မှောက်လျက်အနေအထားဖြင့် ဦးခေါင်းထိပ် ပြတ်ရှ ဒဏ်ရာ(၂)ချက်ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ယင်းကဲ့သို့ ဦးအေးငြိမ်းသေဆုံးရခြင်းနှင့်ပတ်သက်၍ စုံစမ်းအရေးယူပေး ပါရန် ညောင်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးမှ တိုင်တန်းလာ သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သရက်ပင်ချောင်နယ်မြေရဲစခန်း
(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ