အီရတ်တွင် အသေခံ ဗုံးခွဲ၊ လူ ၃၀ သေဆုံး

အီရတ်မြို့တော် ဘဂ္ဂဒက်ရဲ့ အရှေ့မြောက်ပိုင်း ခါနာချင်မြို့မှာ ကာဒစ်ရှ်မွတ်စလင်တွေက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူအယောက် ၃၀ သေဆုံးခဲ့ပြီး လူအယောက် ၅၀ လောက် ဒဏ်ရာရတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်က ပြောပါတယ်။

ကာ့ဒ်လူမျိုးတွေဟာ ကာ့ဒ်လူမျိုး အီရတ်သမ္မတ ဂျလဲလ် တာလာဘာနီရဲ့ ရုပ်သံထုတ်လွှင့်မှုကို အောင်ပွဲခံနေခဲ့တာပါ။ သမ္မတဟာ ဂျာမနီနိုင်ငံမှာ ဆေးကုသခံနေရင်း မဲထည့်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်သူက ကာဒစ္စတန် သူရဲကောင်းသမဂ္ဂရဲ့ ဌာနချုပ်နားက လူအုပ်ကြားထဲကို ၀င်လာပြီး သူ့ကိုယ်သူ ဖောက်ခွဲခဲ့လို့ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြတာလို့ ရဲအရာရှိတဦးက ပြောပါတယ်။

အဲဒီ ရဲအရာရှိရဲ့ ညီဖြစ်သူဟာလည်း ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

အီရတ်နိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပဖို့ ၂ ရက် အလိုမှာ အခုလို ပေါက်ကွဲမှု ဖြစ်ခဲ့တာ ပါ။

By ဒီဗွီဘီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ