ဓါတ်ငွေ့ကုန်၍ ဆီထည့်မောင်းရာမှ မီးလောင်မှုဖြစ်

နေပြည်တော်၊ ဧပြီ ၂၁

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီအချိန် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၉/၀-၁)ကြားတွင် ယာဉ်မတော် တဆမှု ဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃)လမ်းဆုံ အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

စစ်ဆေးချက်အရ နေပြည်တော်မှရန်ကုန်သို့ မြောက်ဥက္ကလာပမြို့နယ်၊ စက်ကွေ့(၄)လမ်း၊ (ဈ)ရပ်ကွက်နေ ကျော်လင်း(၄၀)နှစ်မောင်းနှင်လာသည့် X/xxxx BM ဖြူစိမ်းကြားမှန်လုံယာဉ်သည် ဓါတ်ငွေ့ကုန်၍ ဓါတ်ဆီဖြင့်မောင်းနှင်လာစဉ် ကာဘရိုက်တာမှ ဆီများလျှံကျသဖြင့် ရပ်တန့်စစ်ဆေး ခဲ့ကြောင်းသိရှိရသည်။

ထိုသို့စစ်ဆေးစဉ် ကာဘရိုက်တာမှာ မီးလောင်နေသောကြောင့် ကျော်လင်း၏ ယာပေါင်၊ ခြေသလုံး၊ လက်မောင်းနှင့် လက်ဖျံတို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်ပေါ်ပါ ပုဇွန်တောင် မြို့နယ်၊ (၂)ရပ်ကွက်၊ မြောင်းကြီးလမ်းနေ ဒေါ်ခင်အေးမြင့်(၆၂)နှစ်သည် ယာဉ်ပေါ်မှ ခုန်ချရာ ယာခြေသလုံးဖူးရောင်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ယာဉ်မောင်း ကျော်လင်းအား အမှတ်(၃) လမ်းဆုံအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ