ဝိတ်လျှော့ရန်အတွက် အစားအသောက် အငတ်မခံနိုင်ကြောင်း ကိတ်အပ်တန်ဆို

ဝိတ်လျှော့ရန်အတွက် အစားအသောက် အငတ်မခံနိုင်ကြောင်း ကိတ်အပ်တန်ဆို Sports Illustrated မဂ္ဂဇင်း၏ လုံးကြီးပေါက်လှ မော်ဒယ်လ်က သူမအနေဖြင့် ကိုယ်အလေးချိန် လျှော့ချရန် ဖိအားပေးမှုများစွာ ကြုံနေရသည့် အမျိုးသမီးများ၏ ရှေ့မှောက်တွင် စံပြုရမည့်သူမျိုး ဖြစ်ချင်ကြောင်းလည်း ဆိုသည်။

မိမိသည် ဝိတ်လျှော့ချင်သဖြင့် မိမိကိုယ်ကိုယ် အစာအငတ်ခံမည့် မိန်းကလေးမျိုး မဟုတ်ကြောင်း ကိတ်အပ်တန်က ပြောကြားခဲ့သည်။ Sports Illustrated မဂ္ဂဇင်း၏ လုံးကြီးပေါက်လှ မော်ဒယ်လ်က သူမအနေဖြင့် ကိုယ်အလေးချိန် လျှော့ချရန် ဖိအားပေးမှုများစွာ ကြုံနေရသည့် အမျိုးသမီးများ၏ ရှေ့မှောက်တွင် စံပြုရမည့်သူမျိုး ဖြစ်ချင်ကြောင်းလည်း ဆိုသည်။ Daily Star သတင်းစာနှင့် အင်တာဗျူးတွင် အသက်(၂၁)နှစ် အရွယ်ရှိ အမေရိကန် မော်ဒယ်လ်က “မိန်းကလေးတွေမှာ ဝိတ်လျှော့ဖို့ ဆိုတာက အမြဲတမ်းလိုလို ဖိအားတစ်ခုလို ရှိနေတာပါ။ ကျွန်မ ကောလိပ်မှာ ရှိနေတုန်းကတောင် ကြုံဖူးတယ်။ ဝိတ်မလျှော့ရင် ကျွန်မရဲ့ မော်ဒယ်လ်အလုပ်အတွက် အဆင်မပြေသလိုတောင် ပြောဆိုခံရဖူးတယ်လေ”ဟု ဖွင့်ဟခဲ့သည်။

ကိတ်က “ကျွန်မ စိတ်ထင်တော့ ပတ်ဝန်းကျင် အမြင်ဆိုတာ ဒီကိစ္စမှာ အများကြီး သက်ရောက်မှု ရှိနေသလိုပဲ။ ကျွန်မရဲ့ လက်ရှိ ပုံစံက ကြည့်ကောင်းတဲ့ အတိုင်းအတာမျိုးလို့ ထင်တယ်။ သေချာတာကတော့ ပိန်ချင်လို့ဆိုပြီး အငတ်ခံမယ့်ထဲမှာ ကျွန်မတော့ မပါဘူး”ဟုလည်း ဆိုသည်။ သူမက “ကျွန်မကတော့ ဘဝကို ပျော်ပျော်နေချင်တယ်။ ကိုယ်စားချင်တာမှ မစားရရင် ဘဝက ဘယ်လိုလုပ် ပျော်စရာ ကောင်းတော့မှာလဲ”ဟုလည်း မေးခွန်းထုတ်ခဲ့သည်။ ကိတ်သည် The Other Women ဇာတ်ကားတွင် ကင်မရွန်ဒိုင်ယက်ဇ်၊ လက်စ်လီမန်းတို့နှင့်အတူ သရုပ်ဆောင်ထားပြီး အမျိုးသမီးများအတွက် ကျန်းမာကြံ့ခိုင်သည့် အလှအပမျိုး ဆောက်တည်နိုင်အောင် ပါဝင်ကူညီခွင့် ရခဲ့သည့်အတွက် ပျော်ရွှင်မိကြောင်းလည်း ဆိုသည်။

“ဒီဇာတ်ကားက ကျွန်မအတွက်တော့ တကယ့်ကို စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု ဖြစ်ခဲ့ပါတယ်။ ကျွန်မက ပိန်အောင် ဝိတ်လျှော့နေဖို့ထက် ကျန်းကျန်းမာမာ နေထိုင်ဖို့ အမျိုးသမီးတွေ အားလုံးကို တိုက်တွန်းပြီး စံပြအနေနဲ့ ရှိချင်တယ်လေ။ ဒီဇာတ်ကားမှာ လူတွေကို ကျန်းမာရေးနဲ့ သင့်တော်တဲ့ နည်းလမ်းမျိုးနဲ့ ရှင်သန်နေထိုင်နိုင်အောင် ကျွန်မက ကူညီနိုင်ခဲ့တယ်လို့ ထင်ပါတယ်”ဟု ကိတ်က မှတ်ချက်ပြုသွားသည်။

Planet Myanmar Network.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ