လေယာဉ်မောင်းခန်းတွင် လိင်ကိစ္စ သောင်းကျန်းသည့်စုံတွဲ

လေယာဉ်မောင်းခန်းအတွင်း အနီရောင် ဝတ်စုံနှင့် အမျိုးသမီးက သူမ၏ အမျိုးသား အဖော်အား ပါးစပ်ဖြင့် လိင်ဖျော်ဖြေနေသော ဓာတ်ပုံတစ်ပုံကြောင့် ကသည်း ပစိဖိတ် လေကြောင်းလိုင်းအတွက် ဂယက်ရိုက်ခတ်သွားခဲ့သည်။

ထို့အပြင် AFP သတင်းဌာနက အနီရောင် ဝတ်စုံသည် ကသည်းပစိဖိတ် လေ ကြောင်းလိုင်း၏ လေယာဉ်မယ် ယူနီဖောင်းဖြစ်ပြီး အမျိုးသားကမူ လေယာဉ်ပိုင်းလော့ ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ရာ အခြေအနေ ပိုဆိုးသွားခဲ့သည်။

လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ယခုကိစ္စနှင့် ပတ်သက်ပြီး မိမိတို့ စုံစမ်းမှုများ ပြုလုပ်နေကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် ဓာတ်ပုံထဲမှ အမျိုးသမီးသည် မိမိတို့ လေကြောင်းလိုင်းမှ ဖြစ်ကောင်းဖြစ်နိုင်ကြောင်းလည်း အဆိုပါ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ဝန်ခံသွားသည်။ ဓာတ်ပုံထဲမှ အမျိုးသား၏ အခြေအနေကိုမူ သူမက မှတ်ချက်မပေးသွားချေ။

အမျိုးသား၏ ယူနီဖောင်းမှာ ပိုင်းလော့တစ်ဦးဟု ယူဆရဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။ လက်ရှိတွင်မူ အဆိုပါ ကိစ္စသည် လေယာဉ်ပျံသန်းနေစဉ် ဖြစ်ခဲ့သည်ဆိုသော မည်သည့် အထောက်အထားကိုမျှ မရရှိ သေးကြောင်း၊ ထို့ကြောင့် လုံခြုံရေး စံနှုန်းများကို ချိုးဖောက်ရာရောက်သည်ဟု ယူဆ၍ မရနိုင်ကြောင်း လည်း ယင်းအမျိုးသမီးက ပြောဆိုသွားသည်။

Myawady News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ