သေဆုံးခြင်းကို အများဆုံး ဖြစ်စေသည့် ရောဂါများနှင့် ဆက်နွှယ်နေသော အန္တရာယ်များ

သေဆုံးနိုင်ခြင်း များသော ရောဂါများမှာ နှလုံးသွေးကြော ရောဂါ ၊ ကင်ဆာရောဂါ ၊ ဦးနှောက် သွေးကြော ပေါက်ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း ၊ မတော်တဆ ထိခိုက်ဒဏ်ရာ များနှင့် နာတာရှည် အဆုတ်ရောဂါ တို့ဖြစ်ကြသည်။ ထိုရောဂါ များကို ပိုမို ဆိုးဝါးစေပြီး သေစေနိုင်သည့် ဆက်နွယ်သော အန္တရာယ်များ ရှိသည်။

နှလုံးနှင့် သွေးကြောရောဂါ
နှလုံးနှင့် သွေးကြော ရောဂါကို ဖြစ်စေရန် ဖန်တီးပေးသော အန္တရာယ် များမှာ ဆေးလိပ် သောက်ခြင်း ၊ သွေးထဲတွင် ကိုလက်စထရော ဓာတ်များ လွန်ကဲခြင်း ၊ သွေးဖိအား တက်ခြင်း ၊ အ၀လွန်ကဲခြင်း ၊ ဆီးချို ၊ သွေးချို ရောဂါ ဖြစ်ခြင်း နှင့် ထိုင်ရင်း လုပ်ရသော အလုပ် နှင့် ဇိမ်ခံသော နေထိုင် စားသောက်ခြင်း တို့ ဖြစ်သည်။

ကင်ဆာရောဂါ
ကင်ဆာရောဂါ သည် ဆေးလိပ် သောက်ခြင်း ၊ ကျန်းမာရေး နှင့် မညီညွတ်သော အာဟာရ များကို စားသုံးခြင်း ၊ အရက် သောက်ခြင်း ၊ လိင်ဆက်ဆံခြင်း နှင့် မျိုးပွားမှု ဆောင်ရွက်ခြင်း ၊ အလေ့အကျင့် များ မမှန်ကန်ခြင်း ၊ လုပ်ငန်းခွင် တွင် ကင်ဆာ ဖြစ်စေသော ပစ္စည်းများ နှင့် ထိတွေ့ခြင်း နှင့် ပတ်ဝန်းကျင် တွင် ကင်ဆာ ဖြစ်စေရန် အားပေးသော ပစ္စည်းများ နှင့် ထိတွေ့ခြင်း စသော အန္တရာယ် များကြောင့် ဖြစ်တတ်သည်။

ဦးနှောက် သွေးကြောပေါက်ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း

၎င်းရောဂါသည် သွေးတိုး ရောဂါကို ထိရောက်စွာ မကုသခြင်း ၊ ဆေးလိပ် သောက်ခြင်း နှင့် သွေးထဲတွင် ကိုလက်စထရောဓာတ် မြင့်တက်ခြင်း တို့ကြောင့် ဖြစ်ပွား တတ်သည်။

မတော်တဆ ထိခိုက်ဒဏ်ရာများ ဖြစ်ပွားခြင်း

မတော်တဆ ထိခိုက် ဒဏ်ရာများ ရရှိပြီး သေဆုံးသော အချက်မှာ ထိုင်ခုံ (မော်တော်ယာဉ် ၊ အားကစားကွင်း ) ခါးပတ်များကို အသုံးမပြုခြင်း ၊ အရက်သောက်ခြင်း ၊ မူးယစ် ဆေးဝါး သုံးစွဲခြင်း ၊ ယာဉ်များကို မဆင်ခြင်ဘဲ မောင်းနှင်ခြင်း ၊ လုပ်ငန်းခွင် အန္တရာယ်များ ရှိခြင်း ၊ စိတ်ဖိစီးမှု များရှိခြင်း နှင့် ပင်ပန်းနွမ်းနယ် အားအင် ကုန်ခမ်းခြင်း အန္တရာယ် များ ဖြစ်သည်။

နာတာရှည် အဆုတ်ရောဂါ
ထိုရောဂါ နှင့် ဆက်နွှယ်သော အန္တရာယ် များမှာ ဆေးလိပ် သောက်ခြင်း နှင့် လုပ်ငန်းခွင် မှ အခိုးအငွေ့ နှင့် အနံ့ဆိုးများ ၀င်ရောက်ခြင်း တို့ကြောင့် ဖြစ်သည်။

ဒေါက်တာ မြင့်သန်းထွန်း
(ပြည်သူ့ကျန်းမာရေး)

Themyawadydaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ