မိခင်က စိတ်ဝေဒနာသည်သားကို သတ်လွှစက်နဲ့ အပိုင်းပိုင်းဖြတ်ပြီး အလောင်းဖျောက်

ဒွန်နာ(၆ဝနှစ်)နဲ့ သားဖြစ်သူရမ်ဆေးတို့မှာ ကောင်းမွန်တဲ့ ချစ်ခင်ရင်းနှီးမှု ဆက်ဆံရေးရှိခဲ့ကြပါတယ်။ မိခင်ဒွန်နာကို သက်ဆိုင်ရာက လူသတ်အလောင်းဖျောက် မှုနဲ့ အရေးယူဖမ်းဆီးခဲ့ချိန်မှာတော့ ဒွန်နာတို့နေထိုင်တဲ့ မြို့တစ်ခုကို အံ့သြထိတ်လန့်စရာ သတင်းစကားတစ်ပုဒ်ဖြစ်စေခဲ့ပါတယ်။

အသက် ၃၂နှစ်အရွယ်ရှိ သားဖြစ်သူရမ်ဆေးကို သတ်ဖြတ်ပြီး အလောင်းကို လွှစက်နဲ့အပိုင်းပိုင်းဖြတ်ကာ အိတ်ငါးအိတ်ထဲထည့် စွန့်ပစ်ဖို့ကြံစည်ခဲ့တဲ့ ဒွန်နာရဲ့လုပ် ရပ်အတွက် အိမ်နီးချင်းတွေက စကားမပြောနိုင်လောက်အောင် ဆွံ့အတုန်လှုပ်နေခဲ့ကြ ပါတယ်။

ရမ်ဆေးဟာ စိတ်ဝေဒနာသည်တစ်ဦးဖြစ်ပြီး ဒွန်နာက ဆေးရုံကခေါ်ယူ စောင့်ရှောက်ဖို့ တရားရုံးကိုလျှောက်လဲခဲ့တာရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တရားရုံးက ငြင်းဆိုခဲ့ပြီး မိမိကိုယ်ကိုယ်အသက်အန္တရာယ်ပြုနိုင်တဲ့ သားဖြစ်သူအခြေအနေကြောင့် မိခင်ဖြစ်သူက ထိန်းသိမ်းစောင့်ရှောက်ဖို့အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒွန်နာရဲ့လူသတ်မှုကို ကားမောင်းသူအမျိုးသမီးက စပ်စုရာကနေ အိတ်ငါး အိတ်ထဲထည့်ထားတဲ့ လူခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့ရာက ရဲဌာနက လူသတ်မှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

အိမ်နီးချင်းတစ်ဦးက ဒွန်နာနေထိုင်တဲ့ ကွန်ဒိုတိုက်ခန်းက အိတ်များကို သူမ ကားထဲ ထည့်သွင်းနေတာ တွေ့မြင်ခဲ့တယ်လို့ ထွက်ဆိုထားခဲ့ပြီး ဇန်နဝါရီ ၃၁ရက်မှာ ရဲဌာနက ဒွန်နာကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

Ref: The Enquirer

Flower News Journal အတွဲ (၁၀) အမှတ် (၁၄)

Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ