အဆိုတော် မီးမီးခဲနှင့် ထူးအယ်လင်း တရားဝင် ကွာရှင်းခွင့်ရရှိ

(ရန်ကုန်၊ ဧပြီ ၃၀)

အဆိုတော် မီးမီးခဲနှင့် ၄င်း၏ ခင်ပွန်းဖြစ်သူ အဆိုတော် ထူးအယ်လင်း တို့နှစ်ဦးအား ယနေ့နေ့လည် နှစ်နာရီခန့် တွင် အနောက်ပိုင်း ခရိုင်တရားရုံးမှ တရားဝင် ကွာရှင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း မီးမီးခဲထံမှ သိရသည်။

လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲ ခွင့်ပြုရန်တောင်း ဆိုခြင်းနှင့် နှစ်ဦးသား ပိုင်ဆိုင်မှုများမှ ထက်ဝက်ကို ရရှိရန် မီးမီးခဲဘက် မှ တောင်းဆိုခဲ့ပြီး ယင်း အချက်များကိုလည်း တရားရုံးမှ ခွင့်ပြုခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

အဆိုတော်မီးမီးခဲကမူ " အစ်မခုချိန်ကစပြီး သမီးကလေးနဲ့အတူတူ ဘ၀ကို ရှင်သန်နိုင်ခွင့် ရရှိသွားပါပြီ။ " ဟုပေါ်ပြူလာနယူးစ်ကို ပြောကြားခဲ့သည်။

ယင်းသို့ တရားဝင် ကွာရှင်းခွင့် ရရန်အတွက် လွန်ခဲ့သည့် တစ်နှစ်ခွဲခန့် အချိန်မှ စ၍ မီးမီးခဲဘက်မှ တရားရုံးသို့ ဦးတိုက်လျှောက် ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တရားရုံးမှ ကွာရှင်းခွင့် ပြုလုပ်ခြင်းဖြစ်သည်။

သုတလင်း

Popular Myanmar News Journal


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ