ရွှေဂုံတိုင်ဂုံးကျော် တံတားအဆင်းတွင် အရှိန်လွန်ကာ ယာဉ်တိမ်းမှောက်

ရန်ကုန်၊ ဧပြီ ၁၃

၁၃.၄.၂၀၁၄ ရက်နေ့ ၁၆၁၅ အချိန် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်းလမ်း အတိုင်း ကမ္ဘာအေးဘုရားဘက်မှ ဦးထောင်ဘိုအ၀ိုင်းဘက်သို့ ယာဉ်မောင်း ညီညီလွင်၊ (၄၅)နှစ်၊ (ဘ)ဦးစောဖြူ၊ ပျားရေကုန်းရပ်ကွက်၊ တာမွေမြို့နယ် နေသူမောင်းနှင်လာသော 5F---- လိုက်ထရပ်အဖြူရောင် ကိုယ်ပိုင်ယာဉ်သည် ရွှေဂုံတိုင်ဂုံးကျော်တံတားအဆင်း ဗဟန်းမြို့မရဲစခန်းရှေ့အရောက် အရှိန်လွန်ကာ ယာဘက်သို့တိမ်း မှောက်သွားခဲ့ပါသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော ကျား(၂)ဦး၊ မ(၅)ဦးတို့တွင် ဖူးရောင် နာကျင်ဒဏ်ရာများအသီးသီးရရှိကာ ရန်ကုန် ဆေးရုံကြီးတွင် ပြင်ပလူနာများအဖြစ် ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ညီညီလွင် ကို ဗဟန်းမြို့မရဲစခန်း ယာဉ်(ပ)၃၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၇/၂၇၉ ဖြင့် အမှုဖွင့်ကာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ