နေအိမ်အတွင်းဝင်ရောက် လုယက်သူအား ဖမ်းဆီးရမိအရေးယူ

ရန်ကုန်၊ ဧပြီ ၇

၆.၄.၂၀၁၄ ရက်နေ့ ၀၅၀၀ အချိန်ခန့်တွင် သာကေတမြို့နယ်၊ ၂/မြောက် ရပ်ကွက်နေ မမြသက်ဆွေသည် အိပ်ယာမှထပြီး နေအိမ်အောက်ထပ်၌ ဈေးစာရင်းများပြုလုပ်နေစဉ် အမျိုးသားတစ်ဦးရောက်ရှိလာပြီး ၎င်းအား
ပါးစပ်ပိတ်ကာ လည်ပင်းတွင်ဆွဲထားသော အလေးချိန် (၁၂)ပဲကျော်ခန့်ရှိ ရွှေဆွဲပြား(၁)ခု၊ တန်ဖိုး(၅)သိန်းခန့်အား ဆွဲဖြတ်ထွက်ပြေးသွားခဲ့သဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခံခဲ့ပါသည်။

ထိုသို့ အော်ဟစ်သည်ကို နေအိမ်အောက်ထပ်တွင်အိပ်ပျော်နေသော မောင်ဖြစ်သူမှကြားသိပြီး လိုက်လံဖမ်းဆီးရာ အနော်မာ(၁၇)လမ်းအတွင်း အဆိုပါအမျိုးသားအား ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအားစစ်ဆေးရာ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်နေ ရှိန်းကိုကို(ခ)မောင်လေး၊ (၂၃)နှစ်၊ (ဘ)ဦးဝင်းမောင်ဆိုသူဖြစ်ကြောင်း သိရှိရပြီး လုယူသွားသည့်ဆွဲပြားအား မေးမြန်းရာ ၎င်းမှထွက်ပြေးစဉ် လမ်းဘေးတစ်နေရာ၌ လွှင့်ပစ်ထားခဲ့ကြောင်းသိရှိရပါသည်။

ယင်းကဲ့သို့ပြစ်မှုကျူးလွန်သူ ရှိန်းကိုကို(ခ)မောင်လေးကို အရေးယူပေးရန် မမြသက်ဆွေမှ တိုင်တန်းချက်အရ သာကေတမြို့မရဲစခန်း(ပ)၁၄၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ