မြို့သစ်-တောင်တွင်းကြီးကားလမ်းမှာ ယာဉ်တိမ်းမှောက်၍ ၁၁ ဦး ဒဏ်ရာရ

နေပြည်တော်၊ ဧပြီ ၇

၂၀၁၄ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပုလင်းကြီးရွာအနီး မြို့သစ်-တောင်တွင်းကြီးကားလမ်း မိုင်တိုင်အမှတ်(၁၄/၅-၆)တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ မြို့သစ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မြို့သစ်မြို့နယ်၊ ရွှေပန်းရွာနေ စည်သူ(၂၃)နှစ်မောင်းနှင်သည့် ၉ဌ/xxxx ကင်တာအစိမ်းရောင်ယာဉ်မှာ ခရီးသည်(၁၈)ဦးအားတင်ဆောင်၍ မြို့သစ်မှ တောင်တွင်းကြီးသို့ မောင်းနှင်လာစဉ် ယာဉ်၏စတီယာရင်အောက်ခြေမှ တိုက်ရော့ပြုတ်ထွက်သွားကာ ကားလမ်းယာဘက် ခြမ်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း စစ်ဆေးသိရှိရသည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မြို့သစ်မြို့နယ်၊ ရွှေပန်းရွာသူ/သားများဖြစ်ကြသော ဇော်ဇော်အောင်(၂၈)နှစ်တွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ မရွှေကြည်(၃၂)နှစ်တွင် နဖူးဝဲဘက်ထိပ်ဖူးရောင်၊ ၀မ်းဗိုက်နာကျင်၊ မခင်ဝိုင်း(၄၁)နှစ်တွင် ၀ဲလက်ဖျံနာကျင်၊ မစန်း(၃၀)နှစ်တွင် ၀ဲဘက်ချိုစောင်းနှင့် ဦးခေါင်းနောက်စေ့ ဖူးရောင်၊ မခင်ဝင်းကြည်(၅၂)နှစ်တွင် ရင်ဘတ်အောင့်၊ မပြည့်ဖူးခိုင်(၆)နှစ်တွင် ယာခြေသလုံးပေါက်ပြဲ၊ မသန်းဌေး(၃၂)နှစ်တွင် ၀ဲလက်ကောက်ဝတ်နှင့် ၀ဲ/ယာ ပေါင်ရင်းနာကျင်ဒဏ်ရာ၊ မြို့သစ်မြို့နယ်၊ သီးကုန်းကျေးရွာနေ ဦးမောင်မောင်(၄၄)နှစ်တွင် ယာနဖူးပေါက်ပြဲ၊ မြို့သစ်မြို့နယ်၊ ကျောက်ဖျာတဲတိုက်နေ မမြင့်မြင့်စန်း(၄၀)နှစ်တွင် ခေါင်းမူးနှင့် မြို့သစ်မြို့နယ်၊ ကန်သာကြီးရွာနေ မခင်သန်းဝင်း(၄၃)နှစ်တွင် ယာနားထင်ဖူးရောင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စည်သူအား မြို့သစ်မြို့မရဲစခန်းယာဉ်(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ