ရေစက်ပြင်ရာမှ စကားများရန်ဖြစ်ပြီး ရေတုံကင်လက်ကိုင် သံပိုက်နှင့် ရိုက်နှက်ခဲ့သဖြင့် သေဆုံး

ရန်ကုန်၊ ဧပြီ ၁၂

၁၂.၄.၂၀၁၄ ရက်နေ့ ၀၈၂၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ဆင်စခန်း ကျေးရွာအုပ်စု၊ ဂျိုးဖြူကျေးရွာ နှင့် သဲဝါကျေးရွာကြား မြေနီလမ်းဘေးရှိ ဗိုလ်ချုပ်(ခ)အသူရမန်၏အုတ်ကွင်းမှ မန်နေဂျာဖြစ်သူ ကိုထွန်းထွန်းမြင့်၊ (ဘ)ဦးကျော်အေး၊ သဲဝါကျေးရွာ၊ တိုက်ကြီးမြို့နယ်နေသူပျောက်ဆုံး နေကြောင်းကို ၎င်း၏ဦးလေးဖြစ်သူ ဦးစိုးရွှေမှ ကူညီစုံစမ်းရှာဖွေ ပေးရန်တိုင်တန်းလာသဖြင့် တိုက်ကြီးမြို့မရဲစခန်း လူပျောက်အမှတ်စဉ် (၁၀/၂၀၁၄)ဖြင့် ဖွင့်လှစ်၍ တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေခဲ့ပါသည်။

ထိုသို့စုံစမ်းရှာဖွေနေစဉ် ၀၉၃၀ အချိန်တွင် အဆိုပါအုတ်စက်တွင် လုပ်ကိုင်သော အုတ်စက်လုပ်သား ကိုထင်ကျော်မှ အုတ်ကွင်းအတွင်းရှိ အလျား(၁၅၀)ပေ၊ အနံ(၁၀၀)ပေ၊ အနက်(၂၀)ပေခန့်ရှိ ရေကန် အတွင်း၌
ပျောက်ဆုံးနေသော ကိုထွန်းထွန်းမြင့်အား သေဆုံးလျက်တွေ့ရှိကြောင်း အကြောင်းကြားသဖြင့် တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှသွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူ ကိုထွန်းထွန်းမြင့်တွင် ယာချိုစောင်း၊ နဖူး၊ ယာမျက်ခုံး၊ နှာခေါင်း၊ ယာပါးတို့တွင် ပေါက်ပြဲဒဏ်ရာများရရှိထား သည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အား စုံစမ်းစစ်ဆေးခဲ့ရာ သေဆုံးသူ ကိုထွန်းထွန်းမြင့်သည် ၁၁.၄.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် အုတ်စက်လုပ်သား ဖိုးထောင်(ခ)အောင်ဇော်လင်း၊ (၁၉)နှစ်၊ (ဘ)ဦးသန်းဇော်၊ သဲဝါကျေးရွာ၊ တိုက်ကြီးမြို့နယ်နေသူနှင့်အတူ အုတ်စက်၌ရေစက်ပြင်နေရာမှ စကားများရန်ဖြစ်စဉ် ဖိုးထောင်(ခ) အောင်ဇော်လင်းမှ ရေတုံကင်လက်ကိုင် သံပိုက်ဖြင့်ရိုက်နှက်ခဲ့၍ ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

အမှုမှပျောက်ဆုံးသူ ကိုထွန်းထွန်းမြင့် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ တိုက်ကြီး မြို့မရဲစခန်း၌ တိုင်တန်း ထားသော လူပျောက်အမှတ်စဉ်(၁၀/၂၀၁၄)အား တိုက်ကြီးမြို့မ ရဲစခန်း(ပ)၁၂၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၀၂ ဖြင့် ပြောင်းလဲ စစ်ဆေးခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ ဖိုးထောင်(ခ)အောင်ဇော်လင်းအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၁၁၅ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ဥတိုကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် တိုက်ကြီးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိသဖြင့် အမှုဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ