ရပ်နေသူ အမျိုးသမီးနှစ်ဦးကို အရှိန်ဖြင့်တိုက်၍ ယာဉ်တိမ်းမှောက် တဦးသေဆုံး

ရန်ကုန် ဧပြီ ၂၂

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် ကျိုက်ဝိုင်း ဘုရားလမ်း အလက (၅)ကျောင်းရှေ့၌ ဧပြီ ၁၉ ရက် ည ၇နာရီခန့်က ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်းရပ်ကွက် ကမ္ဘာအေးဘုရားလမ်း အမှတ်၂၇ ဘီနေ ယာဉ်မောင်း မျိုးမင်းသွင်(၃၃နှစ်) သည် တိုယိုတာ ဟိုင်းလပ်ဆပ်(ဖ်)၂ဂ/--- အနက်ရောင် မော်တော်ယာဉ်ကို ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာစဉ် ကျိုက်ဝိုင်းဘုရား ကားမှတ်တိုင်အနီး လမ်းအလယ်ကျွန်း ပလက်ဖောင်းပေါ်တွင် ရပ်နေသော အမျိုးသမီးနှစ်ဦးကို အရှိန်ဖြင့် ဝင်တိုက်မိပြီး ယာဉ်မှာ တိမ်းမှောက်သွားကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် အောင်မင်္ဂလာ ၂ လမ်းသွယ် (၆) အမှတ်-၈၂၂ နေ မအေးသူဇာဝင်း (၂၉နှစ်) နှင့် တောင်ဥက္ကလာပမြို့နယ် (၇) ရပ် ကွက် ၂၄ လမ်းနေ မဝင်းမြတ်သန္တာမြင့် (၃၁နှစ်) တို့ကို ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာန အရေးပေါ်ကုသဆောင်သို့ ပို့ဆောင်ပေးခဲ့စဉ် မအေးသူဇာဝင်းမှာ ယင်းနေ့ည ၉ နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယာဉ်မောင်း မျိုးမင်းသွင်ကိုအဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သတ်၍ ဘုရင့်နောင်ရဲတပ်ဖွဲ့စခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

MOI Webportal Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ