မိုးသည်းထန် ရွာသွန်းရာ မြေပြို၍ တဲနှင့်လူသုံးယောက် မျောပါ

ဧပြီလ ၁၀ ရက်၊ ၂၀၁၄

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးသောကြောင့် ဟိုပုံးမြို့နယ် ဖက်ယန်းကြီးရွာ တောတွင်းတစ်နေရာတွင်
မြေပြို၍ တောင်ကျရေနှင့်အတူ တဲနှင့်လူသုံးယောက် မျောပါသွားသည်ဟု အသက် (၃၅) နှစ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

မြေပြို၍ တဲတစ်လုံးဆုံးရှုံးပြီး လူသုံးယောက်လုံး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံတစ်ဦး ကပြောသည်။

မြေပြို၍တောင်ကျရေနှင့်မျောပါသွားသော လူသုံးယောက်သည် အချိန်မီ ကယ်ဆယ်နိုင်သောကြောင့်
အသက်ဆက်ရှင်နိုင်သည်ဟု ၎င်းက ဆက်ပြောသည်။ မြေပြိုသောနေရာတွင် မိုးသည်းထန်မရွာခင်
ကတည်းက အက်ကွဲကြောင်းရှိပြီးသား ဖြစ်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းသောအခါတွင် အက်ကြောင်းလိုက် ပြိုသွားကြောင်း သိရသည်

ထို့ပြင် ရေနှင့်အတူ မျှောပါသွားသော ပစ္စည်းမှာ အိမ်သုံးပစ္စည်းများနှင့် ငွေကျပ် ဆယ်သိန်း ပါသွားကြောင်းလည်း သိရသည်။

နန်းခမ်းဟွမ်

တောင်ကြီးတိုင်းမ်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ