ကိုရီးယား K-POP အဆိုတော်အဖွဲ့ Girl’s Day မြန်မာနိုင်ငံတွင် လာရောက် ဖျော်ဖြေရန်အစီအစဉ်ရှိ

ကိုရီးယားကုမ္ပဏီနှစ်ခုနှင့် ကိုရီးယားသံရုံး တို့၏ပူးပေါင်းဖိတ်ခေါ်မှုနှင့် ကိုရီးယား K-pop အဆိုတော်အဖွဲ့ Girl’s Day နှင့်အတူ Dal Shabet, Tint နှင့် အခြားသော ကိုရီးယားအနုပညာ ရှင်များသည် ဧပြီ ၃ဝ ရက်တွင် သုဝဏ္ဏအားက စားပွဲရုံ၌ ကျင်းပရန်စီစဉ်နေကြောင်းသိရသည်။

ယခုပြုလုပ်မည့်ပွဲတွင် မြန်မာအနုပညာ ရှင်များလည်း အတူတကွပါဝင်ဆင်နွှဲမည်ဖြစ် သည်။ ၄င်းပွဲကို စီစဉ်နေသူတစ်ဦးအား မေး မြန်းခဲ့ရာ ''ဧပြီ ၃ဝမှာ ကိုရီးယား K-POP အဖွဲ့ Girl’s Day လာရောက်ဖျော်ဖြေဖြစ်မယ်။ ကျင်းပမယ့်နေရာကတော့ အတိအကျမသိရ သေးပါဘူး။ အထက်က ချပေးတဲ့နေရာမှာလုပ် ရမှာပါ။

သတင်းအပြည့်အစုံသိရရင် Press Conference လုပ်ပေးပြီး မြန်မာနိုင်ငံက ပရိသတ်တွေကိုအသိပေးမှာပါ'' ဟုပြောသည်။
ထို့အပြင် K-pop အဆိုတော် Girl’s Day ရဲ့ဖျော်ဖြေပွဲအစီအစဉ်ကို မြဝတီရုပ်သံ မှာ ထုတ်လွှင့်ဖို့အစီအစဉ်ရှိကြောင်း ကိုရီး ယား Website တစ်ခုမှသိရသည်။

ယင်းနှင့်ပတ်သက်၍ ကိုရီးယားသံရုံး သို့ ဆက်သွယ်မေးမြန်းရာတွင် ''ကိုရီးယား K-Pop အဆိုတော်အဖွဲ့လာမယ်ဆိုတာတော့ ကြားထားပါတယ်။ သံရုံးကနေ စီစဉ်တာ တော့မဟုတ်ပါဘူး။ မြန်မာဘက် Entertainment ကုမ္ပဏီတစ်ခုကနေ စီစဉ်တာပါ'' ဟု ဖြေ ကြားခဲ့သည်။

ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၂)
Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ