အချစ်ရေး အဆင်ပြေစေမည့် လျှို့ဝှက်ချက်ကို ရှာကီရာဖွင့်ဟ

ရှာကီရာက သူမအနေဖြင့် ချစ်သူ ဂျရတ်ပီကေးနှင့် ဆက်ဆံရေးကို အမြဲတမ်း နုပျိုနိုးကြားနေအောင် ဂရုစိုက် ကိုင်တွယ်လေ့ရှိကြောင်း ဖွင့်ဟ ပြောကြား
လိုက်သည်။
Women’s Health မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ကိုလံဘီယာ နာမည်ကြီး Popဂီတ အဆိုတော်က အောင်မြင်သော အချစ်ရေး၏ လျှို့ဝှက်ချက်ကို ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။ ရှာကီရာသည် ယင်းမဂ္ဂဇင်းအတွက် မျက်နှာဖုံး
ဓာတ်ပုံ အရိုက်ခံခဲ့သလို အင်တာဗျူးတွင်လည်း သူမ၏ ပုဂ္ဂိုလ်ရေး ဘဝကို လှစ်ဟပြခဲ့ခြင်း ဖြစ်သည်။ ရှာကီရာနှင့် ဂျရတ်တို့သည် လွန်ခဲ့သော (၄)နှစ်ခန့်က ချစ်သူများ ဖြစ်လာကြပြီး ယခုအခါ ကလေးတစ်ဦးပင် ရရှိ
ထားပြီ ဖြစ်သည်။
ဧပြီလထုတ် မဂ္ဂဇင်းတွင် ရှာကီရာက အချစ်ရေးတစ်ခု ရေရှည်တည်မြဲ
ရန်မှာ နှစ်ဦးစလုံး စိတ်တူကိုယ်တူ နှစ်မြှုပ်ခံစားနိုင်ရန် လိုကြောင်း မှတ်ချက်ပေးခဲ့သည်။ “ပေါင်းသင်းဆက်ဆံရေးမှာ နှစ်နှစ်ကာကာ ခံစားသက်ဝင်မှုက အရေးကြီးပါတယ်။ နှစ်ယောက်အတူ ပျော်ရွှင်နေဖို့၊ ရယ်မောနေဖို့ လိုတယ်။ နှစ်ယောက်အတူ ရှိနေနိုင်ဖို့ အချိန်ယူဖို့လည်း ကြိုးစားရပါတယ်။ အချစ်ရေးမှာ ပျော်စရာ အချိန်တွေကို နှစ်ယောက်
အတူတွဲပြီး ခံစားရတာဟာ မရှိမဖြစ် လိုအပ်တဲ့ အခြေအနေလို့ ကျွန်မထင်ပါတယ်”ဟု ရှာကီရာက ပြောကြားခဲ့သည်။
သူမက “တကယ်တော့ ဒါဟာ ရှုပ်ထွေးပါတယ်။ လူနှစ်ယောက်စလုံးက တူညီတဲ့ လိုလားချက်ရှိဖို့ လိုတယ်။ ဒါမှသာ ပေါင်းသင်းဆက်ဆံရေးက တည်မြဲရှင်သန်နိုင်မယ်။ ဦးတည်တဲ့ လမ်းကြောင်းအတိုင်း သွားနိုင်မယ်လေ”
ဟုလည်း ဆိုသည်။ ရှာကီရာက “ကျွန်မရဲ့ လက်ရှိဘဝကို ပျော်ပါတယ်။ ကျွန်မက ခုလောလောဆယ် ဖြတ်သန်းနေတဲ့ အခြေအနေကို တန်ဖိုးထား
တယ်။ ဂျရတ်ကလည်း ကျွန်မနဲ့ထပ်တူ သဘောထားရှိတယ်။ ဒါက အရေးအကြီးဆုံးပဲ”ဟုလည်း ပြောဆိုသွားခဲ့သည်။
Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ