အက်စတွန်ဗီလာအား ရှုံးနိမ့်ခဲ့ခြင်းကြောင့် ကွင်းလယ်ဒိုင်အား မော်ရင်ဟိုဝေဖန်

အက်စတွန်ဗီလာအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်(၃ဝ)တွင် အက်စတွန်ဗီလာအသင်းအား ရှုံးနိမ့်ခဲ့ခြင်းနှင့် ပတ်သက်၍ ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ကွင်းလယ်ဒိုင်ဖြစ်သူ ခရစ်ဖွိုင်းအား ဝေဖန်ခဲ့ကြောင်းသိရသည်။

ယင်းပွဲစဉ်၏ ပထမပိုင်း ပွဲကစားချိန်အတွင်း ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့သော်လည်း ပွဲကစားချိန် ၆၈ မိနစ်တွင် ချယ်လ်ဆီးကွင်းလယ် ကစားသမား ဝီလီယံအား နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့ပြီးနောက် အိမ်ရှင် အက်စတွန်ဗီလာအသင်းသည် ကစားသမားတစ်ဦးအသာစီးရရှိကာ ပွဲကစားချိန် ၈၂ မိနစ်တွင် အယ်လ်ဘရိုက်တန်၏ ဖန်တီးပေးပို့မှုမှတစ်ဆင့် ဖာဘီယန်ဒက်ဖ် က အက်စတွန်ဗီလာအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ထို့နောက် ချယ်လ်ဆီးအသင်းသည် အဝေးကွင်းတွင် နိုင်ပွဲရရှိရေးအတွက် ကစားသမားတစ်ယောက်လျော့ ကစားခဲ့ရသော်လည်း ရှိသမျှအားအင်ကို အကုန်ထုတ်သုံးကစားခဲ့ရာ သာမန်ပွဲကစားချိန် မိနစ် ၉ဝ ပြည့်ပြီးနောက် နာကျင်အချိန်ပိုလေးမိနစ်အတွင်း ရာမီရက်စ်၏ ကြမ်းတမ်းစွာကစားခဲ့မှုကြောင့် ကွင်းလယ်ကစားသမား ရာမီရက်စ် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခြင်းခံခဲ့ရသည်။

ထို့ကြောင့် ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုအနေဖြင့် ကစားသမား နှစ်ဦးအား နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့သည့် ကွင်းလယ်ဒိုင် ခရစ်ဖွိုင်းအား ဝေဖန်မှုများပြုလုပ်ခဲ့ရာ ကွင်းလယ်ဒိုင်ခရစ်ဖွိုင်းက ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုကိုပင် ပွဲကြီးကြပ်ခွင့် ပိတ်ပင်ခဲ့သည်။

ငွေကြယ်

The Mirror Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ