မြန်မာနိုင်ငံ အနေအထားတွေက တစ်ချို့က ပုဂ္ဂိုလ်ရေး နည်းနည်းဆန်တယ်

မြန်မာနိုင်ငံ အနေအထားတွေက တစ်ချို့က ပုဂ္ဂိုလ်ရေး နည်းနည်းဆန်တယ် ကျွန်တော်က ဒိုင်လုပ်တယ်ဆို တာ ကျွန်တော့် အနေနဲ့ဝင်ပြီးလုပ် လိုက်တာပေါ့။ ဒီသဘော တရားပဲရှိ တယ်။ အမြဲတမ်းလုပ်ဖို့လည်းအစီအ စဉ်မရှိဘူး။ အမြဲတမ်းလည်း မလုပ် ဘူး။ ကျွန်တော်ဆိုအိပ်မက်ဆုံရာ season 2 မှာ တစ်ခါလုပ်တယ်။ နောက်ပြီး " ဆိုလိုက်ကြစို့ "မှာဒိုင် လုပ်တာက အဲဒီအစီအစဉ် လုပ်တဲ့ လူကသူငယ်ချင်း။ သူငယ်ချင်းဖြစ် နေတဲ့အတွက်ဝင်ကူညီပေးတယ်။ ဒိုင်လုပ်ရတာအရမ်းကြီးဝါသနာပါ တယ်မ ဟုတ်ပါဘူး။

တစ်ခါတလေ လောက်ပဲလုပ်ဖြစ်တာပါ။ အမှတ် ပေးတယ်ဆိုတာကများသောအား ဖြင့်ကတော့ ကျွန်တော့်အနေနဲ့ဆို ရင် ဆိုတဲ့ အပေါ်မှာပဲ အမှတ်ကို များများပေးတာပါ။ သီချင်းဆိုပြိုင်ပွဲ တွေမှာ ဒိုင်တစ်ယောက်နဲ့ အချို့ပ ရိသတ်တွေက ပြိုင်ပွဲတွေမတရား ဘူးဆိုတာကို ဘာများပြောချင်လဲ ဆိုရင် " ပြိုင်ပွဲဆို တာတော့ ဒီလိုပဲ အမျိုးမျိုးပြောကြမှာပဲ။ ကျွန်တော် တို့သီချင်းဆိုပြိုင်ပွဲမှ မဟုတ်ပါဘူး။ မယ်ပြိုင်ပွဲတွေ၊ မယ်စကြဝဠာပြိုင် ပွဲတွေစတဲ့ အမျိုးမျိုးသော ပြိုင်ပွဲတွေမှာ အမျိုးမျိုးသော အသံ တွေထွက်နေ မှာပဲ။ အဲဒီလိုဆိုတော့ တစ်ခုရှိတာ ကအမှန်တရား တစ်ခုရှိ ဖို့တော့လိုအပ်တာပေါ့နော်။ နောက် ဆုံး ဒီမှာ ရုပ်ရှင် အကယ်ဒမီ ပေးတာ ကအစ တေး Album တွေ ဗတမေိ ပေးတာက အစငြင်းခုံ မှုတွေကအများ ကြီးပဲရှိနေတယ်။

အမျိုးမျိုးတွေ ရှိနေ တဲ့အခါကျတော့ ဘယ်ဟာအမှန် တရားဖြစ်လဲ၊ ဘယ်ဟာအမှန်တရား မဖြစ်ဘူးလဲဆို တာကတော့ ပြောလို့ တော့မရဘူး ပေါ့နော်။ ကျွန်တော်တို့ မြန်မာပြည်အနေအထား တစ်ခုမှာ တချို့ဟာလေးတွေက ပုဂ္ဂိုလ်ရေး လည်းနည်းနည်း ဆန်တာလေး တွေပါ တယ်။ အရမ်းမှန်လှသေးတယ်လို့ ကျွန်တော် မမြင်သေးဘူး။ " လမ်းခွဲ" သီချင်းနဲ့ပြိုင်ပွဲဝင်မယ့် လူတွေကို အ ကြံပေးစကားက လမ်းခွဲသီချင်းက အရမ်းခက်ခက် ခဲခဲကြီးထဲမှာ မပါဘူး။ သိပ်ပြီးအရမ်း ပညာပြလို့ရတဲ့ အထဲမှာ မှာမပါသလို သိပ်ပြီးအရမ်းလွယ်တဲ့ အနေအထားလဲ မဟုတ်ဘူး။ အဲဒီနှစ် ခုရဲ့ကြားလေးထဲမှာ သွားရတဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်။

နောက် တစ်ခုက ခံစားချက်ကိုဦးစားပေးတဲ့ သီချင်းဖြစ်တယ်။ အဲဒါကိုအဓိက ထားရမယ်။ နောက်တစ်ခုက Key နဲ့ပတ်သက်လို့လည်း ပြဿနာတစ် ခုရှိနိုင်တယ်။ုနပ မြင့်သွားရင် လည်း ဏကျေန လုပ်ထားတဲ့နေရာဆွဲ ဖို့အဆင်မပြေနိုင် တာမျိုးတွေဖြစ်နိုင် တယ်။ Key ကျသွားရင်လည်း အသံမထွက်တာ မျိုးတွေဖြစ်နိုင်တယ်။

By 8 Days

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ