မီးနီကို ဖြတ်မောင်းသဖြင့် ယာဉ်တိုက်မှုဖြစ်

ရန်ကုန်၊ မတ် ၁၀

၉.၃.၂၀၁၄ ရက်နေ့ ၂၂၅၀ အချိန် တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်း အတိုင်း အရှေ့မှအနောက်သို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ယာဉ်မောင်း ဦးသက်ထွန်း မောင်းနှင်လာသည့် 4F----MAZADA DEMIO ၀က်ဂွန်အ၀ါရောင်အငှားယာဉ်သည် သစ္စာမီးပွိုင့်အရောက်တွင် မီးနီကိုဖြတ်မောင်းစဉ် ဝေဇယန္တာလမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း ဦးမျိုးမြင့် မောင်းနှင်လာသည့် CC---- CHERRY QQ အနီရောင်အငှားယာဉ်အား ၀င်ရောက်တိုက်မိပြီး သစ္စာလမ်းတွင် မီးနီမိ၍ ရပ်ထားသော ယာဉ်မောင်း ကိုအောင်ကျော်စိုး မောင်းနှင်သည့် ၇က/---- မတ်တူးခဲ့ရောင်ယာဉ်အား ဆက်လက်ဝင်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် CC---- ယာဉ်ပေါ်မှ ယာဉ်မောင်းဦးမျိုးမြင့်ပါ(၄)ဦး တွင် ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့ကြသဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံ၌
ပြင်ပလူနာများအဖြစ် ဆေးကုသမှုခံယူခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ 4F ---- ယာဉ်မောင်း ဦးသက်ထွန်းကို တောင်ဥက္ကလာပမြို့မရဲစခန်း ယာဉ်(ပ) ၁၆/၂၀၁၄၊
ပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ