တက္ကဆက်စ်တွင် ဖျော်ဖြေပွဲ ကျင်းပခဲ့သည့် ဆယ်လီနာဂိုမက်ဇ်

စနေနေ့က ဖျော်ဖြေပွဲ စင်မြင့်ပေါ် ပြန်လေည်ရောက်ရှိလာသော ဆယ်လီနာသည် သူမ၏ အနုပညာ ပျက်ကွက်မှုများနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ဖျော်ဖြေလာနိုင်ခြင်း ဖြစ်သည်။

ဆယ်လီနာ ဂိုမက်ဇ်အနေဖြင့် ပြန်လည်ထူထောင်ရေး စခန်းတွင် သွားရောက် အနားယူရသည်အထိ စိတ်ရှုပ်ထွေးစရာ အခြေအနေများ ဖြတ်သန်းခဲ့ရသော်လည်း ယခုအခါ မွေးရပ်ဇာတိ တက္ကဆက်စ်သို့ သူမ၏ အမြူးကြွ အပျော်ရွှင်ဆုံး ပုံစံမျိုးဖြင့် ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။ Disney၏ လူငယ်ကြယ်ပွင့်ဟောင်း အဆိုတော် မင်းသမီးလေးသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က တက္ကဆက်စ်တွင် ဖျော်ဖြေပွဲတစ်ခု ပြုလုပ်ခဲ့သည်။ စနေနေ့က ဖျော်ဖြေပွဲ စင်မြင့်ပေါ် ပြန်လေည်ရောက်ရှိလာသော ဆယ်လီနာသည် သူမ၏ အနုပညာ ပျက်ကွက်မှုများနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ဖျော်ဖြေလာနိုင်ခြင်း ဖြစ်သည်။

အသက်(၂၁)နှစ်ရှိ ဆယ်လီနာသည် ပြီးခဲ့သည့်နှစ်က ကမ္ဘာလှည့်ဖျော်ဖြေပွဲ အစီအစဉ် တစ်ခုကို ပယ်ဖျက်ခဲ့သလို ဇန်နဝါရီလတွင်လည်း ပြန်လည်ထူထောင်ရေး စခန်းတစ်ခု၌ (၂)ပတ်ကြာ အချိန်ပေး အနားယူခဲ့ရသည်။ အနက်ရောင် ဆံပင်ရှည်ရှည်နှင့် မိန်းမချောလေးသည် တက္ကဆက်စ်တွင် သူမကို ဆူညံစွာ အော်ဟစ်အားပေးနေသည့် ပရိသတ်များ ရှေ့မှောက်၌ အင်တိုက်အားတိုက် သီဆိုကခုန် ဖျော်ဖြေသွားခဲ့သည်။

ထိုအတောအတွင်း ဆယ်လီနာသည် ချစ်သူဟောင်း ကနေဒါ Popဂီတ အဆိုတော် ဂျက်စတင်ဘီဘာနှင့်လည်း ပြန်လည်သင့်မြတ် အဆင်ပြေစ ပြုနေပြီဟု သတင်းများ ထွက်ပေါ်နေသည်။ ဂျက်စတင်နှင့် ဆယ်လီနာတို့သည် သောကြာနေ့က နံနက်စာ အတူစားဖြစ်ခဲ့သလို နောက်ပိုင်းတွင် ဂျက်စတင်က Vanity Fair၏ အော်စကာ ပါတီပွဲမှ ဆယ်လီနာ၏ ဓာတ်ပုံနှစ်ပုံကို Twitterတွင် လွှင့်တင်ကာ “ကမ္ဘာပေါ်မှာ အကြော့ရှင်းဆုံး မင်းသမီးလေး”ဟု ပုံညွှန်းစာ ရေးထိုးခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ