မြရိပ်ညို ဟိုတယ်တွင် ဧပြီလ ၁ ရက်နေ့ မင်္ဂလာပွဲဆင်နွှဲမည်ဟု ဖြိုးငွေစိုးဆို

ရန်ကုန်၊ မတ် ၁၁

ဇာတ်ကောင်စရိုက်မျိုးစုံမှာ ကြိုးစား သရုပ်ဆောင်မှုကြောင့် အနုပညာလောကမှာ ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင်ဖြိုးငွေစိုးက သူ့ရဲ့ချစ်သူဖြစ်သူ ဇင်ဇင်တို့ရဲ့ လက်ထပ်မင်္ဂလာပွဲကို ဧပြီလ ၁ ရက်နေ့ ည ၆ နာရီမှာ မြရိပ်ညိုဟိုတယ်မှာ ပြုလုပ်သွားဖို့ ရှိတယ်လို့ The Voice ကို ပြောပါတယ်။

“ကျွန်တော်တို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းက ခြောက်နှစ် ကျော်ပါပြီ။ သူက မော်ဒယ်လ် လုပ်ခဲ့ဖူးတာဆိုတော့ သူပါတဲ့ မော်ဒယ်လ်ရှိုးပွဲတွေကို ကြည့်ပြီး သတိထားမိခဲ့တာပါ။ နှစ်ယောက်က တွဲလာတာလည်း ကြာပြီဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်ကလည်း နားလည်မှု ရှိကြပါတယ်။ လက်ထပ်ဖို့အထိ ဖြစ်လာခဲ့တာကလည်း နှစ်ယောက်သား ကြိုတင်တိုင်ပင် စဉ်းစားထားတားမျိုး မရှိပါဘူး။ နှစ်ယောက်စလုံးကလည်း ဘဝတစ်ခုကို အတူလက်တွဲပြီး ဖြတ်သန်းချင်ကြတဲ့အတွက် ဒီမင်္ဂလာပွဲလေး ဖြစ်လာခဲ့တာပါ” လို့ ဖြိုးငွေစိုးက ပြောပါတယ်။

မင်္ဂလာပွဲမှာ သတို့သားအရံအဖြစ် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ ဟက်ကက်၊ သတို့သမီးအရံအဖြစ် မော်ဒယ်လ် အွန်ဆိုင်းနဲ့ နန်းခေးမားတို့က ဆောင်ရွက်ပေးကြမှာ ဖြစ်ကြောင်း၊ မင်္ဂလာပွဲကို တက်ရောက်လာကြတဲ့ သူတွေအားလုံး ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်အောင် အစီအစဉ်များကို သေချာစီစဉ်ထားကြောင်း၊ ပျားရည်ဆမ်းခရီး အနေနဲ့ကတော့ မင်္ဂလာပွဲအပြီး ဧပြီလ ၄ ရက်နေ့မှာ အင်္ဂလန်ကိုသွားဖို့ စီစဉ်ထားကြောင်း၊ မင်္ဂလာဦး အလှူအနေနဲ့ ပရဟိတအသင်း အဖွဲ့တွေကို လှူဒါန်းဖို့ရှိကြောင်း၊ ပရိသတ် တော်တော်များများက အပြင်မှာတွေ့ရင် အိမ်ထောင်ပြုကြဖို့ တိုက်တွန်းကြတဲ့အတွက် သူတို့စကားကို နားထောင်ပြီး ချစ်သူနဲ့ နှစ်ကိုယ်တူ ဘဝတစ်ခု ထူထောင်တာကို ဝမ်းသာကျေနပ် ကြလိမ့်မယ်လို့ ယုံကြည်ကြောင်း ဖြိုးငွေစိုးက ထပ်လောင်း ပြောကြားပါတယ်။

The Voice Weekly


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ