၁၃ နှစ်အရွယ် ကျောင်းသား တစ်ဦး နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်နိုင်သည့် အ သက်အငယ်ဆုံး ပညာရှင် တစ်ဦးဖြစ်လာ

ဗြိတိန် နိုင်ငံတွင် ဂျေမီးအက်ဝပ် အမည်ရှိ အသက် ၁၃ နှစ်အရွယ် ကျောင်းသားလေးတစ် ဦး သည် ကမ္ဘာပေါ်တွင် နျူကလီးယား ဓာတ်ပေါင်းဖိုကို တီထွင်နိုင်သည့်

အသက်အငယ် ဆုံးပ ညာရှင်တစ်ဦး ဖြစ်လာခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ လန်ကက်စ် ရှိုင်းယားပြည်နယ် ပရက်စ်တန် မြို့ရှိ Penwortham Priory Academy တွင် တက်ရောက်ပညာသင်ကြား လျက်ရှိသော ဂျေမီးသည်ပညာ သင်ကြားနေစဉ် ကာလတစ်လျှောက်လုံး ဓာတ် ရောင်ခြည် ဖြာထွက်ခြင်းနှင့် စပ်လျဉ်း၍ အလွန်စိတ်ဝင်စားခဲ့ကြောင်း၊ ထို့ကြောင့် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခုကို Priory Academy ရှိ သိပ္ပံဓာတ်ခွဲခန်း တစ်ခုတွင် အောက်တို ဘာလက စတင်တည်ဆောက်ခဲ့ကြောင်း ယခုအခါတွင် ၄င်း၏ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မှုသည် အောင်မြင်စွာ ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

ဂျေမီးသည် ၄င်းတီထွင်ခဲ့သော နျူကလီးယား ဓာတ်ပေါင်းဖိုတွင် ဟိုက်ဒရိုဂျင် အက်တမ် နှစ်ခုကို ဓာတ်ပြု၍ ဟီလီယံ ဓာတ်ငွေ့ထွက် ပေးလာသည်ကို လက်တွေ့စမ်းသပ် ပြခဲ့သည် ဟုသိရသည်။ ၄င်းသည် အမေရိကန် ပြည်ထောင်စု နဗားဒါး ပြည်နယ်တွင် ၂ဝဝ၈ ခုနှစ်က နျူကလီးယား ဓာတ်ပေါင်းဖို တစ်ခုကို တည်ဆောက်ခဲ့သည့် တေလာဝီဆန် အမည်ရှိ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး၏ အကြောင်းကို စာအုပ်တစ်အုပ်တွင် ဖတ်မိရာမှ နျူကလီး ယား ဓာတ်ပေါင်းဖို တစ်ခုကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ