အရက်နှင့် လဲသောက်ရန် ပဲအိတ်ယူစဉ် ဖခင်က ဓါးဖြင့်ထိုး၍ သေဆုံး

နေပြည်တော်၊ မတ် ၇

၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ မြို့နယ်၊ တဇန်းကျေးရွာနေ ဦးကောက်ရ(၈၀)နှစ်သည် ကျေးရွာအနောက်တောင်ဘက်(၂)မိုင်ခန့်အကွာ၊ မရင်းခင်တောရှိ ၎င်းပိုင်လယ်စောင့်တဲ၌ လူသေအလောင်း (၁)လောင်းတွေ့ရှိကြောင်း ကျေးရွာ အုပ်ချုပ် ရေးမှူးထံအကြောင်းကြားသဖြင့် အုပ်ချုပ်ရေးမှူးက ဖုန်းဖြင့်ဆက်လက် အကြောင်းကြားခဲ့သောကြောင့် ဂန့်ဂေါမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ သေဆုံးသူမှာ ၎င်းကျေးရွာနေ ကျော်အောင်(၅၉)နှစ်ဖြစ်ပြီး လယ်ကွင်းထဲ၌မှောက်လျှက်အနေအထားဖြင့် ဦးခေါင်း နောက်စေ့အောက်လည်ဂုတ်တွင် အကျယ်(၂)လက်မခန့်ရှိထိုးသွင်းဒဏ်ရာ(၁)ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

စုံစမ်းချက်အရ ၎င်းကျေးရွာနေ ဦးသာမြို့(၇၀)နှစ်မှ သေဆုံးသူသည် အရက် သောက်စားမူးယစ်ပြီး ၎င်း၏ဖခင်ဦးကောက်ရ၏တဲသို့ရောက်ရှိလာကာ စားတော်ပဲအိတ်များအား အရက်နှင့်လဲသောက်ရန်ယူခဲ့ကြောင်း၊ ထိုသို့ယူစဉ် ဖခင်ဖြစ်သူဦးကောက်ရက တဲတွင်အသင့်ရှိသော ဓါးဖြင့်ထိုးခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း ပြောပြသိရှိရသဖြင့် ဦးကောက်ရအား ဂန့်ဂေါမြို့မရဲစခန်း (ပ)၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ