အပြင်မှာ ပျော်ပျော်နေတတ်ပေမယ့် လူရွှင်တော် လုပ်ရမှာကို ရင်ခုန်နေတဲ့ မိစန္ဒီ

မြန်မာ့ရိုးရာအတာသင်္ကြန်ကာလကိုရောက်ရှိဖို့နီးကပ်လာတာနဲ့အမျှ သင်္ကြန် သီချင်းခွေတွေလည်း ထွက်ရှိလို့လာပါတယ်။ ဟစ်ဟော့ပ် အဆိုတော် မိစန္ဒီအနေနဲ့ ဒီနှစ်သင်္ကြန်အတွက် သင်္ကြန်သီချင်း ၂ပုဒ် သီဆိုထားကြောင်း ပြောတဲ့မိစန္ဒီက သူမသီဆိုထားတဲ့သီချင်းတွေနဲ့ ပတ်သက်ပြီး “ဒီနှစ် သင်္ကြန် အတွက် မိစန္ဒီ မာစတာသင်္ကြန်မှာ ကိုနိုင်းဝမ်းနဲ့ တစ်ပုဒ်၊ Hello Music Thingyan မှာ မရတနာမိုင်နဲ့ တစ်ပုဒ်ဆိုထားပါတယ်။ ကိုနိုင်းဝမ်း နဲ့ကျတော့ လူငယ်ပုံစံလေးပါပဲ။ သင်္ကြန်မှာပျော်တယ်။ ပါးတယ်၊ အပျော်ပုံစံလေးပါ။မရတနာမိုင်နဲ့ကျတော့ သင်္ကြန်မှာ ကိုယ့်ကိုလာကြောင် တဲ့ ကောင်လေးပေါ့။ အဲဒီကောင်လေးကို ပြန်ဖဲ့တဲ့ပုံစံလေး ရေးထားတာပါ” လို့ မိစန္ဒီက ပြောပါ တယ်။ မိစန္ဒီ အနေနဲ့ ဒီနှစ်သင်္ကြန်မှာ မန္တလေး မြို့တော်ဝန် မဏ္ဍပ်မှာ သီချင်းဆိုလို့ ရှိကြောင်းလည်း သိရပါတယ်။

ပညာရေးပိုင်းမှာလည်း ထူးထူး ချွန်ချွန်နဲ့ အောင်မြင်ခဲ့ ပြီး ကျောင်းကိစ္စတွေပြီးဆုံးသွားပြီဖြစ်တဲ့အတွက် သီချင်းတွေ ကို ပိုဆိုဖြစ်တော့ မယ့်မိစန္ဒီ က “အနုပညာအလုပ်တွေပိုလုပ်ဖြစ် ပါတယ်။ လတ်တလောကတော့ ပွင့်လင်းရာသီဖြစ်တဲ့အတွက် မိစန္ဒီတို့နယ်ထွက်ပြီး ရှိုးဆိုဖြစ်တာများပါတယ်။ မိစန္ဒီရဲ့ ဒုတိယတစ်ကိုယ် တော်အခွေဖြစ်တဲ့ ပစ်တိုင်းထောင်ကိုလည်း အစကသင်္ကြန် မတိုင်ခင်ထွက် ဖို့ပါပဲ။ ဒါပေမဲ့ မမီတော့တာနဲ့ မေလလောက် ထွက်ဖြစ်မှာပါ။ မိစန္ဒီ အကောင်း ဆုံး ကြိုးစား ထားပါတယ်” လို့ ပြောပါတယ်။မတ်လ ၃ဝရက် နေ့ ပြည်သူ့ ရင်ပြင်မှာ ကျင်းပမယ့် မြန်မာနှင့် ထိုင်းနိုင်ငံ ချစ်ကြည်ရေးအနုပညာ ပွဲတော်ရဲ့ နှစ်ပါး သဘင် မှာ မိန်း ကလေးအဆို တော် ၆ယောက်အနေနဲ့ လူရွှင်တော်အဖြစ်ဖျော်ဖြေ ကြမယ့် အထဲမှာ မိစန္ဒီလည်းပါဝင်ပါတယ်။ အပြင်မှာပျော်ပျော်ပါးပါး စနောက်ပြီးနေတတ်ပေမယ့် စင်ပေါ်မှာ လူရွှင်တော် လုပ်ရမယ့် ပထမဆုံးအတွေ့အကြုံ နဲ့ ပတ်သက်ပြီး ရင်ခုန်နေမိတဲ့မိစန္ဒီက “မိစန္ဒီ တို့ အားလုံးက သူငယ်ချင်းတွေလည်းဖြစ်တယ်။ ညီမတို့မှာ အတွေ့ အကြုံလည်း မရှိဘူး။ ပရိသတ်ကို ညီမတို့ အကောင်း ဆုံး သေသေချာ ချာတိုက်ပြီးတော့ကြိုတင်ပြင်ဆင် ပြီးတော့ ပရိသတ်တွေရယ်ရအောင်၊ ကိုယ်ကျ တဲ့နေရာမှာအကောင်းဆုံး သရုပ်ဆောင်နိုင် အောင်ညီမ တို့အားလုံးစုပေါင်းပြီးတော့ ကြိုး စားသွားမှာပါ။ရင်လည်းခုန်နေပါတယ်” လို့ပြောပါတယ်။

မျိုးမောင်
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ