ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါ နွားတစ်ကောင်မွေး

ရပ်စောက် ၊ ၂၄-၃-၂၀၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက် မြို့နယ် ၊ ဝှေးတိုက်နယ် ၊ ဘန်းဂွေးကျေးရွာ ဦးဒွန်း၏ နွားခြံတွင် နွားကောင်ရေ ၅၀ ခန့် ရှိရာ အသက် ၈ နှစ်အရွယ်ရှိ နွားမကြီး တစ်ကောင်မှ ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါသော နွားငယ် တစ်ကောင် ကို မတ်လ ၁၆ ရက် နံနက် ၉ နာရီခန့်က မွေးပြီး နွားမကြီး သေဆုံး သွားခဲ့သည် ဟု သိရသည်။

ထို ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါသော နွားငယ်လေး ကို ထူးဆန်းသဖြင့် လာရောက် ကြည့်ရှု့သူ များပြားလျက် ရှိကြောင်း သိရသည်။

အဆိုပါ နွားခြံပိုင်ရှင် သည် နွားခြံ လုပ်ငန်း လုပ်ကိုင် ခဲ့သည်မှာ ၁၅ နှစ်ခန့် ရှိပြီဖြစ်၍ ယခုကဲ့သို့ ၄င်း၏ နွားခြံမှ ထူးဆန်းသော ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါသော နွားငယ်လေး မွေးခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရှိရသည်။ (၁၆၆)

The Myawady Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ