ဆွာရက်ဇ်၏ ဟက်ထရစ်ဂိုးနှင့်အတူ ကာဒစ်ဖ်ကွင်းတွင် ဂိုးမိုးရွာခဲ့သည့် လီဗာပူးလ်

ပရီးမီးယားလိဂ် ပွဲစဉ် (၃၁) ကာဒစ်ဖ်စီးတီးနှင့် လီဗာပူးလ် ပွဲစဉ်တွင် ဧည့်သည် လီဗာပူးလ် အသင်းက ၆-၃ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

ကာဒစ်ဖ်တွင် မာရှယ်လ်၊ ဖေဘီယို၊ သီအိုဖိုင်းလ် ကက်သရင်း၊ ကောလ်ကာ၊ ကာလာ၊ ဂျွန်၊ မီဒယ်လ်၊ ကင်မ်၊ မတ်ခ်ျ၊ ဘယ်လာမီ၊ ကမ်းဘဲလ် တို့ပွဲထွက်ပါဝင်ခဲ့သည်။

လီဗာပူးလ်တွင် မစ်ဂ်နိုလတ်၊ ဂျွန်ဆန်၊ ဖလာနာဂန်၊ အဂ္ဂါ၊ စကာတယ်လ်၊ ဂျရတ်၊ အလန်၊ ဟန်ဒါဆန်၊ ကော်တင်ဟို၊ ဆွာရက်ဇ်၊ စတားရစ်ခ်ျ တို့ပါဝင်ကစားခဲ့သည်။

ပထမပိုင်းတွင် လီဗာပူးလ်သည် အိမ်ရှင်အသင်းကို ၂ ကြိမ်တိုင် ဦးဆောင်ခွင့် ပေးခဲ့ရသော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့သည်။ ပွဲအစ ၉ မိနစ်တွင် ကာဒစ်ဖ်စီးတီးမှ မတ်ခ်ျက အဖွင့်ဂိုး သွင်းယူခဲ့သော်လည်း ၁၆ မိနစ်တွင် လီဗာပူးလ် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ဂျွန်ဆင်၏ ပေးပို့မှုမှတစ်ဆင့် ချေပဂိုး သွင်းယူခဲ့သည်။ သို့သော် ၂၅ မိနစ်တွင် ကာဒစ်ဖ် တိုက်စစ်မှူး ကမ်းဘဲလ်က အဂ္ဂါကို ကျော်ဖြတ်ပြီး အသင်းအတွက် ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့သည်။ ၄၁ မိနစ်တွင် လီဗာပူးလ် နောက်ခံလူ စကာတယ်လ်က အသင်းအတွက် ချေပဂိုးကို ကော်တင်ဟို၏ ပေးပို့မှုမှတစ်ဆင့် ပိတ်သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် လီဗာပူးလ်၏ ကစားပုံ ပိုကောင်းလာခဲ့ပြီး အသင်းအတွက် လိုအပ်သည့် ဂိုးများကိုလည်း သွင်းယူနိုင်ခဲ့သည်။ ၅၄ မိနစ်တွင် စကာတယ်လ်က လီဗာပူးလ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် အနိုင်သေချာစေမည့် ဂိုးများကို ၆၀ မိနစ်နှင့် ၇၅ မိနစ်တို့တွင် ဆွာရက်ဇ်နှင့် စတားရစ်ခ်ျတို့က အသီးသီး သွင်းယူနိုင်ခဲ့သည်။ ၈၈ မိနစ်တွင် မတ်ခ်ျက ကာဒစ်ဖ်အတွက် ချေပဂိုး တစ်ဂိုး ထပ်မံသွင်းယူပေးခဲ့သော်လည်း မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်တွင် ဆွာရက်ဇ်က ၎င်း၏ ဟက်ထရစ်ဂိုးကို သွင်းယူသွားခဲ့သည်။ ပွဲအပြီးတွင် လီဗာပူးလ်က အိမ်ရှင် ကာဒစ်ဖ်ကို ၆-၃ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာ၌ ဆက်လက် ရပ်တည်နိုင်ခဲ့သည်။

Soccer Myanmar


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ