စီးရီးသစ်အတွက် ဝိတ်တက်လာအောင် ကြိုးစားခဲ့သည့် အိုင်ဇာ

မက္ကစီကိုမှ တက်သစ်စ အဆိုတော် မင်းသမီးလေးသည် ဆယ်လ်မာဟေးယက်ခ် သရုပ်ဆောင်ခဲ့ပြီး (၁၉၉၆)ခုနှစ်က နာမည်ကြီးခဲ့သည့် From Dusk Till Dawn ရုပ်ရှင်၏ ပုံစံကွဲ စီးရီးတွင် ပါဝင်သွားရန် သဘောတူညီထားပြီဟု ဆိုသည်

အိုင်ဇာဂွန်ဇာလက်ဇ် အနေဖြင့် From Dusk Till Dawnကို စီးရီးအဖြစ် ရိုက်ကူးမည့် အစီအစဉ်အတွက် ကိုယ်အလေးချိန် တိုးလာအောင် ကြိုးစားနေရကြောင်း သိရသည်။ မက္ကစီကိုမှ တက်သစ်စ အဆိုတော် မင်းသမီးလေးသည် ဆယ်လ်မာဟေးယက်ခ် သရုပ်ဆောင်ခဲ့ပြီး (၁၉၉၆)ခုနှစ်က နာမည်ကြီးခဲ့သည့် From Dusk Till Dawn ရုပ်ရှင်၏ ပုံစံကွဲ စီးရီးတွင် ပါဝင်သွားရန် သဘောတူညီထားပြီဟု ဆိုသည်။ သို့သော်လည်း အိုင်ဇာအနေဖြင့် ဇာတ်ရုပ်အတွက် မသင့်တော်လောက်အောင် ပိန်နေသေးကြောင်း စီစဉ်သူများက ပြောကြားခဲ့သည့်နောက် ကိုယ်အလေးချိန် တိုးလာအောင် နေထိုင်စားသောက်လျှက် ရှိသည်။ သူမသည် From Dusk Till Dawn: The Sieresတွင် ဆယ်လ်မာ ပါဝင်ခဲ့သည့် ဇာတ်ရုပ်ဖြစ်သော ဆန်တာနီကို ပန်ဒီမိုနီယမ်အဖြစ် သရုပ်ဆောင်သွားမည်ဟု ဆိုသည်။

အိုင်ဇာက “ရုပ်ရှင်ဇာတ်ကားမှာတုန်းက ဆယ်လ်မာရဲ့ ခန္ဓာကိုယ် အချိုးအဆက်က အဟန့်သိပ်ကြီးတယ်။ စီစဉ်သူတွေကလည်း ကျွန်မကို ပိုပြီးတော့ လက်တင်စရိုက်ဆန်ဆန် ကိုယ်လုံးမျိုး ရှိစေချင်တယ်။ မိန်းမပီပီသသ တောင့်တောင့်တင်းတင်းပေါ့။ ကျွန်မ (၁၃)ပေါင်ထိ တက်လာပြီ။ ဒီဇာတ်ရုပ်အတွက် တကယ့်ကို စစ်စစ်မှန်မှန် ပုံစံမျိုး ကျွန်မက ဖြစ်စေချင်တယ်။ ခုချိန်မှာတော့ ကျွန်မ ပိုပြီး မိန်းမဆန်လာသလို ခံစားရတယ်။ ကျွန်မရဲ့ ခန္ဓာကိုယ် အချိုးအစားကလည်း ပိုပြီးဖွံ့ထွားလာတယ်”ဟု TVNovelas.comသို့ ပြောကြားခဲ့သည်။ ခြောက်ခြားမှု အသားပေးသည့် ယခုစီးရီးကို Season 1ရိုက်ကူးထားပြီး မတ်လလယ်တွင် စတင်ပြသသွားမည် ဖြစ်သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ