"ကချင်ပြည်နယ်မှာ စာသင်ကျောင်းဆောက် ပေးမယ့် ဂုဏ်ရည် အေးကျော်"

Miss International 2013 အလှမယ် ဂုဏ်ရည်အေးကျော် က လိုအပ်နေတဲ့ ပရဟိတ လုပ်ငန်းတွေ ကို လုပ်ဆောင်နေပြီး ကချင်ပြည်နယ် မှာလည်း စာသင်ကျောင်းဆောက် ဖို့ အတွက် ကချင်ပြည်နယ် ကို သွားရောက်ဖို့ ရှိကြောင်း သိရပါတယ်။

ကချင်ပြည်နယ် မှာ စာသင် ကျောင်းဆောက်ဖြစ်ပုံ ကို ဂုဏ် ရည် အေးကျော် က “ဂုဏ်ရည်နိုင်ငံတကာ မှာ သွားပြိုင် ကတည်းက ဂုဏ်ရည် ရွေးချယ် လိုက်တဲ့ ရိုးရာ ဝတ်စုံက ကချင်ဝတ်စုံ ဖြစ်ခဲ့ တယ်။ ကချင် ဝတ်စုံကို ဘာကြောင့် ရွေးချယ်သလဲ ဆိုတော့ တစ်ကမ္ဘာလုံး က မြန်မာ နိုင်ငံကို ၂ဝ၁ဝ ရွေးကောက်ပွဲ အပြီးမှာ ပိုမို ဖွံ့ဖြိုး တိုးတက်လာတဲ့ အတွက် မြန်မာ ကို အာရုံစိုက် လာကြ တယ်။ မြန်မာနိုင်ငံ အကြောင်းကို ပြောရတော့မယ် ဆိုတော့ Wikipedia တို့လို ဝက်ဘ်ဆိုက်တွေမှာ ဝင်ဖတ်တော့ သူတို့ နောက် ထပ် highlight လုပ်ထားတာ က မြန် မာနိုင်ငံက မပြီးဆုံးသေးတဲ့ ပြည်တွင်း စစ် ကို အရှည်ကြာဆုံး ဆင်နွှဲနေတဲ့ နိုင်ငံအဖြစ်နဲ့ ကချင်ပြည်နယ် ဖြစ် ပွားနေတာ ကို မီးမောင်းထိုးပြ ထားတယ်။ အဲဒီ ကတည်းက ကမ္ဘာက အာရုံစိုက်ပြီးသား ကိစ္စတစ်ခုကို ကမ္ဘာ မှာ ပြန်လည် တင်ပြမယ်ဆိုပြီး ကချင်ဝတ်စုံကို ရွေးချယ်ခဲ့တယ်။ ငြိမ်းချမ်းရေး အတွက် ဝတ်ဆင်ပါတယ် ဆိုပြီး ဝတ်ခဲ့ တယ်။ ကိုယ်ကိုယ်တိုင် ကမ္ဘာမှာ Show case တစ်ခုအနေနဲ့ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံ အတွက်နဲ့ အဲဒီဒေသ အတွက်လည်း ဂုဏ်ရည် တစ်ခုခုပြန်လုပ်ပေးချင် မိပါတယ်။

ဂျပန်နိုင်ငံ မှာလည်း ရန်ပုံငွေပွဲတွေ လုပ်ခဲ့တယ်။ မြန်မာနိုင်ငံ ရောက်တော့ လည်း အဲဒီအတွက် ရန်ပုံငွေတွေ ဆက်ကောက်ရင်း နဲ့ပဲ ကချင်ဒေသမှာ စစ်ဘေး ဒုက္ခခံစားနေ ရတဲ့ ကလေးတွေရဲ့ ပညာရေးကို ပံ့ပိုးပေးဖို့ စိတ်ကူး လိုက်ပါ တယ်။ ဂုဏ်ရည်တို့ နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံပါ။ ပညာရေးက တအား လိုအပ် ပါတယ်။ စစ်ဘေးဒုက္ခ သည်တွေ အတွက် လိုအပ်ချက်တွေ အများကြီးရှိပါ တယ်။ အစား အသောက် လှူမယ်ဆိုရင် ကုန်သွားရင် ဗိုက်ပြန်ဆာမယ်။ အဝတ်အစားတွေ ဟောင်းနွမ်း သွားရင် ထပ်ပြီး လိုအပ်နေဦးမယ်။ ပညာ ရေးကတော့ ဘယ်တော့မှ မကုန်ခမ်းနိုင်ဘူး။ ပညာရွှေအိုး လူမခိုးပေါ့။ ပညာရေးကို ပံ့ပိုးပေးခြင်းဖြင့် အဲဒီပညာနဲ့ သူတို့ အသက်မွေး ဝမ်း ကျောင်းပြန် လည်ပြုလုပ်လာ ပြီးတော့ သူတို့ဘဝ အတွက် ခိုင်မာသွား မယ် ဆိုရင် ဂုဏ်ရည်တို့ လုပ်ဆောင်ပေးရ ကျိုးနပ်ပါပြီ” လို့ ပြောပါ တယ်။

ပေ၂ဝ ပတ်လည် အခန်း၂ဝ ရှိတဲ့ စာသင်ကျောင်း တစ်ကျောင်းကို ကချင်ဒေသမှာ မတ်လထဲ ကျောင်း သွားဆောက်ဖို့ စိတ်ကူး ထားပေမယ့် ရန်ပုံငွေ လိုအပ်ချက်ကြောင့် ဧပြီလ နောက် ဆုံးထားပြီး သွားဆောက် မှာဖြစ်ကြောင်း ဂုဏ်ရည်အေးကျော် က ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ