ယာဉ်အား မဆင်မခြင်ချိုးကွေ့မောင်းနှင်သဖြင့် ယာဉ်တိုက်မှုဖြစ်ပြီး (၁)ဦးသေ၊ (၈)ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၈

၁၇.၃.၂၀၁၄ ရက်နေ့ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းအတိုင်း ထောက်ကြန့်ဘက်မှ မြောက်ဥက္က လာပမြို့နယ်ဘက်သို့ ယာဉ်မောင်း သန်းသီဟသွင်မောင်းနှင်လာသည့် ၃င/---- ချိုင်းလုံ အဖြူရောင် အငှားယာဉ်သည် သင်္ဃန်းကျွန်းကြီးကျေးရွာ၊အောင်စည်းခုံဘုရားလမ်းထိပ် အရောက် ၀ဲဘက်သို့ချိုးကွေ့စဉ် မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း အောင်အောင်မောင်းနှင်လာသော ၂က/---- ဒိုင်နာအစိမ်းရောင် အထည်ချုပ်စက်ရုံ ကြို/ပို့ယာဉ်အားတိုက်မိခဲ့ရာ ၂က/---- ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ ဈေးဆိုင်နှင့် ရပ်ထားသော စက်ဘီးတို့အား ၀င်ရောက် တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ၂က/---- ယာဉ်ပေါ်ပါ အထည်ချုပ်စက်ရုံဝန်ထမ်း များမှာ ဒဏ်ရာ အသီးသီး ရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင် ခဲ့ရာ မင်္ဂလာဒုံမြို့နယ်နေ မသဲနုထွေးမှာ ယာမျက်ခုံးစုတ်ပြဲ၊ ပါးစပ်နှင့် နှာခေါင်းတို့တွင် သွေးထွက်ဒဏ်ရာများ ရရှိခဲ့သဖြင့် လမ်း၌သေဆုံးသွား ခဲ့ပြီး ကျန် ကျား(၃)ဦး၊ မ(၅)ဦး၊ ပေါင်း(၈)ဦးတို့တွင် ပွန်းပဲ့နာကျင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ၃င/---- ယာဉ်မောင်း သန်းသီဟသွင်၊ (ဘ)ဦးအုန်းသွင်၊ စက်မှုဇုန်ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူကို မင်္ဂလာဒုံမြို့မရဲစခန်း ယာဉ်(ပ)၃၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ