လမ်းပေါ်မှာ လမ်းလျှောက်နေစဉ် ကလေးမွေးဖွားခဲ့တဲ့ မိခင်

ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးဟာ နယူးယောခ်မြို့ လမ်းမပေါ်မှာ လမ်းလျှောက် နေစဉ် ရုတ်တရက် ဗိုက်နာ လာပြီး အဲဒီ နေရာ မှာပဲ ကလေး မီးဖွား ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အမျိုးသမီးဟာ အသက် (၃၀)၀န်းကျင် သာရှိသေးပြီး ရုံးတစ်ရုံး ကနေ ပြန်ထွက် အလာ မှာ ဗိုက်နာ ခဲ့ခြင်းဖြစ်ပြီး ပတ်ဝန်းကျင်က လူ တွေ ၀ိုင်းဝန်း ကူညီမှုကြောင့် ကလေးငယ်ကို ဘေးမသီ ရန်မခဘဲ မွေးဖွား နိုင်ခဲ့တာ ဖြစ်ပါ တယ်။ ဆေးရုံကို ပို့ဆောင်ဖို့ ကြိုးစား ချိန်မှာ ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာကြောင့် ဘယ် လိုမှ မတတ်နိုင် ခဲ့ပါဘူး။

ကိုယ်တွေ့ မြင်ခဲ့ရ သူတွေက အဲဒီအမျိုး သမီးဟာ ရုံးတစ်ရုံး ကနေ ပြန်ထွက် လာပြီး ရုတ်တရက် ဗိုက်နာ ခဲ့ခြင်းဖြစ်ကြောင်း၊ ဧည့် ကြိုဝန်ထမ်း တစ်ဦးက ကားငှား ပေးဖို့ ကူညီ ခဲ့ပေမယ့် စောင့်နိုင် တော့ခြင်း မရှိဘဲ ကလေး ငယ်က ထွက်လာခြင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့ ပါတယ်။ ဒီဖြစ်စဉ်ကို အနီးအနား မှာရှိတဲ့ သတင်းထောက် တစ်ဦးက မှတ်တမ်းတင်မှု ပြုလုပ်ခဲ့ ပါတယ်။

အဲဒီ အမျိုးသမီး ဟာ ပတ် ၀န်းကျင်က လူတွေ ကူညီပေး မှုကြောင့် ဘာမှ မဖြစ်ခဲ့ဘဲ ဆေးရုံး ကားနဲ့ ဆေးရုံကို ခေါ်ဆောင် သွားခဲ့ပါတယ်။ အခင်း ဖြစ်ပွားရာ နေရာကို လည်း အဲဒီ အမျိုးသမီးရဲ့ယောက်ျား ချက်ခြင်း ရောက်လာ ခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြ ချက်အရ အဲဒီ အမျိုးသမီးဟာ တတိယ မြောက် ကလေး ဖြစ်ပြီး ဆေးရုံမှာ ကလေးရော၊ မိခင် ပါ ကျန်းမာရေး ကောင်းမွန် တယ်လို့ သိရပါ တယ်။

By The Messenger

The Mirror Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ